Saturday, April 25, 2020

Windows System အတွင်း ထည့်သွင်းထားသည့် ဆော့ဖ်ဝဲစာရင်းကို ကြည့်ရှုခြင်း။

Windows Operating System ကို အသုံးပြုသူများ အနေနဲ့ ကိုယ့်ရဲ့ Windows System ထဲမှာ ဆော့ဖ်ဝဲတွေ ဘယ်လောက်ထည့်သွင်း ထားတယ်ဆိုတာကို သိရှိလိုတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေကို ဖော်ပြတဲ့အခါမှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲအမည်နဲ့ ဗားရှင်းတွေကို notepad နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလို ကြည့်ရှုခြင်းအားဖြင့် နေ့စဉ် ကိုယ်သုံးစွဲနေရတဲ့ ဆော့ဖ်ဝဲတွေကို မှတ်တမ်းတင်ပေးထား နိုင်မှာဖြစ်ပြီး မတော်တဆ ဆော့ဖ်ဝဲတွေကို Uninstall ပြုလုပ်မိတဲ့ အခါမျိုးမှာ အဆိုပါ list ကနေ ပြန်လည်ကြည့်ရှုပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အောက်မှာ ပုံနဲ့တကွ ပြပေးထားပါတယ်။
Software list တွေကို ကြည့်ရှုဖို့အတွက် Win + R နဲ့ Run box ကို ခေါ်လိုက်ပါ။ ပြီးရင် Command Prompt ကို ဖွင့်မှာဖြစ်တဲ့အတွက် cmd ဆိုတဲ့ command ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြထားတဲ့ command ကို Command prompt ထဲမှာ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ wmic /output:D:\InstalledSoftwareList.txt product get name,version ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။
ပြီးသွားရင် ခေတ္တစောင့်ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုရင် Partition D: ကိုဖွင့်လိုက်ပါ။ အဆိုပါ partition ထဲမှာ Installed Software List.txt ဆိုတဲ့ text file ကိုတွေ့ရပါမယ်။ အဆိုပါဖိုင်ကိုဖွင့်ပြီး ထည့်သွင်းထားတဲ့ software list ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ စက်မှာတော့ partition E (Win Computer) ပဲရှိလို့ ရိုက်ထည့်ရမယ့် command မှာ E လို့ပြောင်းထည့်ရိုက်ရပါတယ်။ မိတ်ဆွေတို့လဲ ကိုယ့်ရဲ့ စက်မှာ D ပါနေရင် D ၊ ကျွန်တော့လို E ဖြစ်နေရင် E လို့ပြောင်းရေးလိုက်ပါဗျ။
အဆင်ပြေပါစေဗျာ.......

Copy / Cut / Paste လုပ်မရအောင်
========================
ကွန်ပျူ တာထဲက Data များကို
Cut
Copy
Paste
Send to
Delete
Rename
Ctrl + X
Ctrl + C
Ctrl + V
Shift + Delete
အသုံးပြုမရအောင် ပြုလုပ်မယ်။
လိုအပ်သော ဆော့ဝဲလ်အား အောက်က လင့်မှာ ဒေါင်းယူပါ။
Mediafire Link- http://www.mediafire.com/file/cmau88n4tid9vfj/Prevent_Setup_%2528Win_Computer_Center%2529.zip/file
လင့် အဆင်မပြေပါက ပြောခဲ့ပါ။
မှတ်ချက် - ဆော့ဝဲလ်ဖွင့်တဲ့အခါ Define Hotkey မှာ မိမိ ပြန်အသုံးပြုရအောင် Key ထည့်ပေးရပါတယ်။ မထည့်ပဲ None ထားလည်း ရပါတယ်။ ( ဥပမာ - Cut, Copy, Paste တွေ ပြန်အသုံးပြုရအောင် ပြုလုပ်တဲ့ Key ပါ။ မိမိ စိတ်ကြိုက် ထည့်ရပါတယ်။ ပြီးရင် Activate ကို နှိပ်ပါ။ )
မိမိ ကွန်ပျူ တာမှမဟုတ်ဘူး။ တစ်ပါးသူ ကွန်ပျူ တာမှာ ယခုလို ပြုလုပ်ထားပါက ဆော့ဝဲလ်ကိုလည်း ဖျောက်ထားပါက သူ့ပြုလုပ်ထားသော Key ကို Window + F8 ( သို့ ) Window + F9 နဲ့ ပြန်ဖျက်နိုင်ပါတယ်။ ဒါဆို Cut, Copy, Paste ပြန်အသုံးပြုနိုင်ပါတယ်။
Cut
Copy
Paste
Send to
Delete
Rename
Ctrl + X
Ctrl + C
Ctrl + V
Shift + Delete
တွေသာ အသုံးပြုမရတာ Drag ဆွဲယူ ကူးခြင်းကိုတော့ မကာကွယ်နိုင်ပါဘူး။ Drag ဖြင့် ကူးယူနိုင်ပါတယ်။
Name - Prevent.exe
File Size - 356kb
File Type - Zip
အဆင်ပြေပါစေဗျာ........

မိမိ ရဲ့ ကွန်ပျူတာ ဟာ Power အဖွင့်မှာ windows Loading လုပ်ပြီးလေးနေသလား
windows ပွင့်ပြီးရင်လဲ သုံးမရသေးဘဲ ဟန်းနေသလား ဒီလိုလေး လုပ်ကြည့်လိုက်ပါ…..
==============
Keyboard မှ Windows key+R ကိုနှိပ် လိုက်ပါ….
recent ဆိုပြီးရိုက်ထည့်လိုက်ပါ…
Ctrl+A ကိုနှိပ်၍ select လုပ်ပါပြီးရင် Ctrl+D ကိုနှိပ်၍ Delete လုပ်ပေးပါ…
နောက်တစ်ခါ windows key+R ကိုနှိပ်၍ Prefetch လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….
windows key+R ကိုနှိပ်၍ temp လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….
windows key+R ကိုနှိပ်၍ %tmp% လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….
windows key+R ကိုနှိပ်၍ chkdsk လို့ရိုက်ထည့်ပါ…ဒါကတော့ Hard Disk
windows key+R ကိုနှိပ်၍ cleanmgr လို့ရိုက်ထည့်ပါ… ေ
လေးထောင့်ကွက်လေးတွေထဲမှာ အမှန်ခြစ်လေးတွေခြစ်ပေးပြီး Enter ခေါက်ပေးလိုက်ပါ..
Drive C မှာရှိတဲ့ မလိုအပ်တဲ့ဖိုင်တွေ ဖျက်ပြစ်ပါလိမ့်မယ်…
နောက်တစ်ခါ windows key+R ကိုနှိပ်၍ compmgmt.msc လို့ရိုက်ထည့်ပါ…
Enter ခေါက်လိုက်ပါ...ပြီရင် အောက်ပါပုံအတိုင်း အနီရောင်ဖြင့်ဝိုင်းပြထားသော Event Viewer ကို click တစ်ချက်နှိပ်လိုက်ပါ...
ပြီးရင် အနီရောင်ဝိုင်းထားသော အကွက်ထဲမှ Windows Logs ကို Click ပါ...
အဲ့ဒီနောက် Application ကို Right Click ထောက်၍ Clear Log ကို Click ပေးပါ...
Clear ကို Click နှိပ်၍ ရှင်းပေးပါ....
အထက်ပါနည်းအတိုင်း Security , Setup , System , Forwarded Events တို့ကိုလဲ ရှင်းပြစ်လိုက်ပါ....
အတိုင်းအတာတစ်ခုထိ တော့ ပေ့ါပါးသွားတာ ကိုမြင်တွေရမှာပါ...
အဆင်ပြေပါစေဗျာ........

လူတိုင်းလုပ်နိင်ပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ Tech Hack နည်းတစ်ချို့
==============================================
Reddit က နာမည်ကြီးဝက်ဆိုက်တစ်ခုဖြစ်ပြီးကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်အသုံးမပြုကြသေးတာတွေ့ရပါတယ်။
Reddit မှာစိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေ ရှိပြီး Life Hacks နည်းတွေ၊ Tech Hacks နည်းတွေလည်းရှိပါတယ်။ ဒီဆောင်းပါးမှာ Reddit မှာတွေ့ရှိရတဲ့ Tech Hacks နည်းများထဲကကောင်းတဲ့နည်းတွေကို မျှဝေပါတယ်။
(၁) Gmail အကောင့်တစ်ခု ထဲနဲ့ Online Accounts တွေများစွာဖွင့်ပါ။
Website or Web Service တစ်ခု မှာ အကောင့်နှစ်ခု ဒါမှမဟုတ် အကောင့်များစွာဖွင့်ဖို့ Gmail အကောင့်တစ်ခုထဲကိုအသုံးပြုလို့ရတယ်ဆိုတာသင်သိပါသလား?
သင့် Gmail အကောင့်မှာ Plus Sign ထည့်ပြီး Gmail အကောင့်ကို ပွားပြီးသုံးလို့ရပါတယ်။
ဥပမာ သင့် Gmail အကောင့်က thuya@gmail.com ဆိုပါစို ့။ thuya+one@gmail.com လို့ပြောင်းလဲ ပေးလိုက်ပြီးအကောင့် နောက်တစ်ခု ဖွင့် လို့ရပါတယ်။
thuya+one@gmail.com လို့ပြောင်းလိုက်တဲ့အတွက် Website or Web Service က အသုံးမပြုရသေးတဲ့ အကောင့်တစ်ခု လို့အထင်မှားစေပါတယ်။
thuya+one@gmail.com လို့လိပ်စာပြောင်းလိုက်ပေမယ့်လည်း Website or Web Service ကပို့တဲ့ အီးမေး က thuya@gmail.com ဆီကိုပဲရောက်မှာဖြစ်ပါတယ်။
(၂) Number Keys , J , K, L ကိုသုံးပြီး YouTube ကြည့်ပါ။
သင့် Keyboard က Number Keys တွေဖြစ်တဲ့ 1 to 9 ကိုသုံးပြီး YouTube Video တွေကို 10% to 90% ကျော်ကြည့်လို့ရတယ်ဆိုတာသင်သိပါသလား?
ဒါ့အပြင် J , L key ကိုသုံးပြီး Video ကို ၁၀ စက္ကန့်စာ Rewind , Fast Forward ကြည့်လို့ရပါတယ်။
K key ကိုနှိပ်ပြီး Play/Pause လုပ်နိုင်ပါတယ်။
(၃)သင့် Smartphone ကို ပေတံလို အသုံးပြုပါ။
တစ်စုံတစ်ခုကိုတိုင်းတာဖို့ပေတံ ရှာမနေပါနဲ့တော့။
သင့် Smartphone မှာ Ruler Wallpaper တစ်ခုကိုအသုံးပြုရင် သေးငယ်တဲ့ အရာဝတ္ထုတွေကို တိုင်းတာနိုင်ပါတယ်။
သင့်ဖုန်းပျောက်သွားရင် အဆက်အသွယ်ရအောင် Wallpaper မှာ သင့် ရဲ့အီးမေး၊နာမည်၊ ဖုန်းနံပါတ် တွေကို ရေးသားထားနိုင်ပါသေးတယ်။
(၄)ပိတ်ထားတဲ့ဝက်ဆိုက်တွေကို ကြည့်ဖို့ Google Translate ကိုသုံးပါ။
ဒီနည်းကတော့ သိတဲ့သူတွေ သိကြသလို မသိတဲ့သူတွေ လည်း ရှိပါတယ်။
၀က်ဆိုက်တစ်ခု ကို ပိတ်ထားလို့ကြည့်မရဘူးဆိုရင် www.translate.google.com ကိုသွားပြီး ကြည့်မရတဲ့ ဝက်ဆိုက်လိပ်စာကိုထည့်ပေးပါ။ဒါဆိုရင် အဲဒီဆိုက်ကို သင်ကြည့်နိုင်ပါပြီ။
(၅)သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့အသုံးပြုပါ။
Video Chat ဖို့ပဲဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ် ၊ Movie ကြည့်ဖို့ပဲဖြစ်ဖြစ် Smartphone Stand တစ်ခုလို နေလား? သင့် ပိုက်ဆံအိတ်ကို Smartphone Stand အနေနဲ့အသုံးပြုနိုင်ပါတယ်။
(၆) Laser Pointer ကို Smartphone Camera အတွက် Macro Lens အဖြစ်အသုံးပြုပါ။
သင့်မှာ အသုံးမပြုတော့တဲ့ Laser Pointer တစ်ခု ရှိရင် သင့် Smartphone Camera အတွက် Macro Lens အဖြစ်ပြုလုပ်နိုင်ပါတယ်။
Laser Pointer ထဲက Lens ကို ထုတ္ပါ။ Hairpin တစ္ခု နဲ ့Tape တစ္ခု ရွာပါ။
Lens ကို Hairpin ကြားမှာညှပ်ပြီး သင့်ဖုန်းရဲ့Camera Lens မှာတပ်ဆင်ပါ။ Tape နဲ့ Hairpin ကို ပတ်ပါ။ဒါဆိုရင် ပိုက်ဆံလုံးဝမကုန် တဲ့ DIY(Do It Your Self) Macro Lens တစ်ခု ရရှိပါပြီ။
(၇)Presentations တွေအတွက် သီးခြား User Account တစ်ခုအသုံးပြုပါ။
သင့် Laptop ကိုအသုံးပြုပြီး Presentation တွေပြုလုပ်နေကျဆိုရင် User Account ကိုသီးခြားအသုံးပြုသင့်ပါတယ်။
မဟုတ်ရင် Presentation ပြုလုပ်နေတဲ့အချိန်မှာ Email, Messenger တွေက Notifications တွေတက်လာပြီးအနှောင့်အယှက်ဖြစ်စေပါတယ်။
Windows,Mac,Linux အားလုံးမှာ သီးခြား User Account တွေပြုလုပ်အသုံးပြုနိုင်ပါတယ်။
(၈) Printer ကိုစမ်းသပ်ဖို့ Google ကိုအသုံးပြုပါ။
သင့်ရဲ့အသစ်စက်စက် Colour Printer ကိုစမ်းသပ်ဖို့အတွက် Browser ကိုဖွင့်ပါ။
Google.com ကိုသွားပြီး Print ထုတ်ကြည့်ပါ။
Google Logo မှာ Colour မျိုးစုံပါရှိပါတယ်။
စာဖတ်သူရဲ့ Favourite Hacks တွေကိုလည်းဝေမျှခဲ့ပါအုံး။
Reddit မှာ Tech Hacks နည်းတွေ များစွာရှိပြီး အခုဖော်ပြထားတာတွေက အနည်းငယ်သာဖြစ်ပါတယ်။
စာဖတ်သူမှာလည်း အင်တာနက်ကနေ လေ့လာထားတဲ့ Tech Hacks,Life Hacks နည်းတွေရှိရင် လည်း မျှဝေခဲ့ပါအုံး။

Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့်နည်း (၄)နည်း
===============================================
သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို
ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
Recovery Partitiion ကို အသုံးပြုပါ။
နောက်ပိုင်းထုတ် ကွန်ပြူတာများ မှာ Operating System ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး ဝင်းဒိုး ကွန်ပြူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
ကွန်ပြူတာ မှာ Recovery Partition ပါမပါ သိနိုင်ဖို့ My Computer ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုႏွိပ္ပါ။ Computer Management Window ပေါ်လာရင် ဘယ်ဘယ် Side Bar မွာ ရွိတဲ့ Storage အောက်က Disk Management ကိုႏွိပ္ပါ။ အဲဒီမွာ Partition အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကေန 20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့ Partitioin ကိုတွေ့ရင် Recovery Partition ပါရှိတယ်လို့ ယူဆလို့ရပါတယ်။
Recovery Partition ကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပြူတာ ကို ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပြူတာ အမျိုးအစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါတယ်။
o Acer – Alt + F10
Asus – F9
Dell/Alienware – F8
HP – F11
Lenovo – F11
MSI – F3
Samsung – F4
Sony – F10
Toshiba – 0 ( ကီးဘုတ် အပေါ်ထိပ်က Zero Key ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ Numpad မွ Zero Key ကိုနှိပိရမှာ မဟုတ်ပါ။)
ကွန်ပြူတာ အမျိုးအစား အလိုက် သက်ဆိုင်ရာ ခလုတ်များ ကို နှိပ်ရင် Recovery Partition ကို အသုံးပြုလို့ရပါပြီ။ ပြီးရင် ညွှန်ကြားချက် အတိုင်းဆက်လက်ပြုလုပ်ပါ။ Program တစ်ခု ကို အင်စတော လုပ်ရင် တွေ့မြင်ရတဲ့ Wizard များလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး ပြုလုပ်ပုံခြင်း မတူညီပေမယ့် ခက်ခဲမှု မရှိဘဲ လွယ်ကူပါတယ်။
Recovery Installer က Factory Reset ချပြီးတာနဲ့ သင့်ကွန်ပြူတာ ဟာ စက်ရုံထုတ် အခြေအနေ ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
Recovery Discs ကို အသုံးပြုပါ။
သင့်ကွန်ပြူတာ မှာ Recovery Partition မပါရှိရင် Recovery Disc ကို အသုံးပြုနိုင်ပါတယ်။ Operating System ကို ကြိုတင်ထည့်သွင်းထားတဲ့ ကွန်ပြူတာများ မှာ Recovery Disc ပါရှိတတ်ကြပါတယ်။ Recovery Disc များဟာ CD or DVD အချပ်များဖြစ်ပြီး သင့်ကွန်ပြူတာ ကို Factory Reset ချပေးနိုင်ပါတယ်။
Recovery Disc ကို အသုံးပြုရတာ Recovery Partition ကို အသုံးပြုပုံ နဲ့ တူညီပါတယ်။ ဒါပေမယ့် Recovery Partition ကို Boot တက်ရမှာ မဟုတ်ဘဲ BIOS Settings ထဲမွ Boot Order မွာ CD or DVD ကို ပြောင်းလဲပြီး Boot တက်ရမှာ ဖြစ်ပါတယ်။ BIOS Settings ထဲ ဝင်နည်းက ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး မတူပါ။ Power ဖွင့်ပြီးရင် ပေါ်လာတဲ့ ကီး ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
သင့် ကွန်ပြူတာ မှာ Recovery Disc မပါရှိရင် လည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ဝင်းဒိုး မှာ Recovery Disc or Drive ပြုလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ ကွန်ပြူတာ ပြဿနာများ မဖြစ်မီမှာ Recovery Disc or Drive များ ပြုလုပ်ထားသင့်ပါတယ်။
တစ်ချို့ ထုတ်လုပ်သူများ က Recovery Disc များပြုလုပ်ဖို့ အတွက် Program များ ထည့်သွင်းပေးထားတတ်ပါတယ်။ Recovery Disc ပြုလုပ်ထားခြင်း အားဖြင့် Recovery Partition များကိုဖျက်ပစ်နိုင်ပြီး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။
Windows 8 ရဲ႕ Refresh or Reset ကို အသုံးပြုပါ။
Windows 8 ကစပြီး ကွန်ပြူတာ ကို Refresh နဲ့ Reset လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များ ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များ က အပေါ်ကနည်းများထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ကွန်ပြူတာ ကို Factory Reset ပြုလုပ်ပေးနိုင်ပါတယ်။
Refresh လုပ်တယ်ဆိုတာက ကိုယ်ပိုင် ဒေတာများ နဲ့ Metro Apps များကို သိမ်းပေးထားမှာ ဖြစ်ပေမယ့် အခြား Apps အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
Reset လုပ်ရင် ကိုယ်ပိုင်ဒေတာများ အပါအဝင် Metro App နဲ့ အခြား App အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို စက်ရုံထုတ် အခြေအနေ ရောက်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို အခြားသူ ကို ရောင်းတော့မယ်ဆိုရင် Reset လုပ်သင့်ပါတယ်။ Reset လုပ်ရင် ဝင်းဒိုး ကို ပြန်ပြီး အင်စတော လုပ်ပေးမှာ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ နဲ့ Programs အားလုံး ကို ဖျက်ပေးမှာပါ။
Refresh or Reset လုပ်ဖို့အတွက် Windows Key + C ကိုနှိပ်ပြီး Charm Bar ကိုဖွင့်ပါ။ Settings > Change PC Settings ကိုႏွိပ္ပါ။ General က႑ မွာ Refresh or Reset ပြုလုပ်နိုင်ပါတယ်။
သင့် Windows 8 ကွန်ပြူတာဟာ လုံးဝ Boot မတက်နိုင်တော့ရင် လည်း Refresh or Reset ကို အသုံးပြုနိုင်ပါတယ်။ဒီလိုအနေအထားမှာ Windows 8 Installation CD/DVD ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။
၀င်းဒိုး ကို Reinstall ပြုလုပ်ပါ။
သင့်ကွန်ပြူတာ မှာ Recovery Partition or Recovery Disc များမပါရှိဘူးဆိုရင် ဒါမှမဟုတ် Windows 8 ကို အသုံးပြုတာမဟုတ်ရင် နည်းလမ်းဟောင်း ကိုအသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချနိုင်ပါတယ်။ ဝင်းဒိုး ကို Clean Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဝင်းဒိုး အခွေ ကို စက်ထဲထည့် ပြီး CD or DVD ကေန Boot တက်ရမှာ ဖြစ်ပါတယ်။ Custom or Upgrade ရွေးရမယ့်နေရာမှာ Custom ကိုရွေးပြီး Clean Install လုပ်ရမှာပါ။
စမတ်ဖုန်းများ မှာသာမကဘဲ ကွန်ပြူတာ မှာပါ Factory Reset လုပ်နိုင်တယ်ဆိုတာ စာဖတ်သူ သိရှိပါပြီ။ သင့်ကွန်ပြူတာ မှာ ပြဿနာများ ကြုံတွေ့ရတဲ့အခါ ၊ Virus ကူးစက်တဲ့ အခါများ မှာ အပေါ်ကနည်းလမ်းများကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ပြုလုပ်နိုင်ပါတယ်။
အဆင်ပြေပါစေဗျာ......

မိမိစက်ရဲ့ model number ကို cmd သုံးပြီးဘယ်လိုကြည့်မလဲ
--------------------------------------------------
မိိမိ laptop model number ကို သိချင်တာဘဲဖြစ်ဖြစ်၊ driver download ဆွဲချင်လို့ model number သိချင်တာဘဲဖြစ်ဖြစ်၊
မေ့နေတာဘဲဖြစ်ဖြစ် အလွယ်တကုူ cmd ကနေ check လို့ရပါတယ်။
1. run box မှာ cmd ဆိုပြီး ရိုက်ပါ။
2. ပေါ်လာတဲ့ box မှာ wmic_csproduct_get_name ဆိုပြီးရိုက်
ပါ။ (space ခြားတာကို _ နဲ့ဖော်ပြပေးထားပါတယ်)
3. မိမိ laptop model number ကိုတွေ့ရပါပြီ။
Admin စက်ရဲ့ Model number ကတော့** Inspiron 5459 ** တဲ့
လုပ်ကြည့်လို့ အဆင်ပြေတယ်ဆိုရင် Model number လေးတွေပြောပြ
သွားအုံးနော်.........

မိမိရဲ့ ကွန်ပြူတာ သုံးထားတဲ့ အင်တာနက် ပမာဏ ဘယ်လိုကြည့်မလဲ
===========================================================
မဂၤလာပါ။ ဒီနေတော့ ကိုယ့် ရဲ့ Computer က Internet ဘယ်လောက် ပမာဏကိုအသုံးပြုထားပြီလဲ ဆိုတာကို ကြည့်တဲ့ နည်းကလေး ပြောပြပါမယ်။ ကျွန်တော်တို့Computer ကို Internet ချိတ် ပြီးသုံးတဲ့အခါမှာ သုံးသာသုံးနေရတယ် ကိုယ်ဘယ်လောက်ပမာဏကို အသုံးပြုပြီးသွားပြီလဲ ဆိုတာကို ကြည့်ချင်တဲ့သူတွေချည်းပါပဲ။တော်တော်များများက ဖုန်းနဲ့ချိတ်သုံးနေကြသူများလို့ပါ။ ပထမ နည်းလမ်းကတော့ Windows 10 သမားတွေမှာ အဆင်ပြေပေမယ့် အရင်ကWindows 7 သုံးနေတဲ့သူတွေကတော့ အဆင်မပြေပါဘူး အဲဒီလိုဆိုရင် ဒုတိယနည်းလမ်းကို အသုံးပြုပြီး ကြည့်နိုင်ပါတယ်။
ပထမနည်းလမ်း။ ။ ဒီ နည်းလမ်းကတော့ Windows 10 အသုံးပြုနေကြသူများမှာပဲ ရပါမယ်။ ကြည့်ရှုရန် အတွက်ကတော့ ပထမဆုံး Start Menu ကို နှိပ်ပြီး တော့Settings ကို နှိပ်ပါ။ အကယ်လို့ Start Menu မှာ Settings ကို ထည့်မထားဘူးဆိုရင် Run Box မှာ ms-settings: လို့ရိုက်ပြီး OK ကို နှိပ်ပါ။Settings ပေါ်လာရင်တော့ Network & Internet ဆိုတာကို ထပ်နှိပ်ပါ။ Network Status ကိုရောက်သွားရင်တော့
Data usage ကို ထပ်နှိပ်ပါ။ Data usage ကို ရောက်သွားတဲ့အခါမှာ
ကိုယ် အသုံးပြုထားတဲ့ Network နဲ့ Data usage ပမာဏ
ကို မြင်ရမှာဖြစ်ပါတယ်။
ဒုတိယနည်းလမ်း ။ ။ ဒီနည်းလမ်းကတော့ GUI နည်းလမ်း မဟုတ်ပဲ CLI နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Windows 10 သာမက Windows, 8.1, Windows 8 နဲ့ Windows 7 တို့မှာလဲ အသုံးပြုလို့ရပါတယ်။ ပြုလုပ်နည်းကတော့ Run box ကိုဖွင့်ပြီး cmd လို့ရိုက်ပါမယ်။ပြီးရင်တော့ OK ကို နှိပ်ပါမယ် cmd (Command Prompt) ပေါ်လာရင်တော့ netstat -e လို့ရိုက်ပြီးတော့ Enter ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရတော့ မိမိ အသုံးပြုထားတဲ့ အင်တာနက် ပမာဏကို ပြသမှာဖြစ်ပါတယ်။ဒီနေရာမှာ ပြသလာတဲ့ Unit စနစ်ကတော့ Byte နဲ့ပြတာဖြစ်ပါတယ် ဒီတော့ မိမိဘာသာ Megabyte, Gigabyte ပြန်ပြောင်းယူရမှာဖြစ်ပါတယ်။ Unit ပြန်ပြောင်းတဲ့ရလာတဲ့ပါမာဏကို Megabyte ပြောင်းချင်ရင် 1048576 နဲ့စားပါ။ Gigabyte ပြောင်းချင်တယ်ဆိုရင်တော့ 1073741824 နဲ့ စားပါ။
1MB = 1048576 byte
1GB = 1073741824 byte
ဒါဆိုရင်ဖြင့် မိမိအသုံးပြုထားတဲ့ပမာဏကို ကြည့်ရှုနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်

ကွန်ပျူတာ Hard Drive မှာ Data တွေ ထပ်ထည့်ဖို့နေရာ
(Storage Space) သိပ်မကျန်တော့ဘူးဆိုရင် ဖိုင်ဆိုဒ်ကြီးတဲ့
ဖိုင်၊ဖိုဒါတွေကို Zip File အနေဖြင့် ချုံ့ထားပြီး Hard Disk နေရာ
လွတ်တွေ ရှိစေနိုင်ပါတယ်။ စာဖတ်ပျင်းကြမှန်းသိလို့ Zip File
အကြောင်းတွေ၊ Zip File ဘယ်နှစ်မျိုးရှိတာတွေ၊ ဘယ်လို
နေရာတွေမှာ အသုံးများတာတွေ၊ဆိုးကျိုး၊ကောင်းကျိုးတွေ၊
မဆိုင်တာတွေ စာအရှည်ကြီး ထည့်မရေးတော့ပါဘူး။
Files,Folders တွေကို Zip နဲ့ချုံ့သိမ်းထားပြီး
Hard Disk နေရာလွတ်တွေ သက်သာစေနိုင်မယ့်
နည်းလမ်းနှစ်ခုကို ဖော်ပြပေးသွားပါမယ်။ ပထမနည်းလမ်း
တစ်ခုက Windows မှာ Built in အဖြစ် ပါဝင်တဲ့
Compressed (zipped)Folderနဲ့ ဖိုင်ချုံ့နည်းဖြစ်ပါတယ်။
Explorer ကို ဖွင့်လိုက်ပါ။ ကြိုက်တဲ့နေရာလွတ်တစ်နေရာမှာ
Right Click ႏွိပ္ပါ။ New\Compressed (zipped) Folder ကို
ဆောက်လိုက်ပါ။ သို့မဟုတ် ချုံ့ချင်တဲ့ ဖိုင်၊ဖိုဒါအပေါ်ကို Right
Click နှိပ်၊ Send To မှာ Compressed (zipped) Folder ကိုနှိပ်ပါ။
တကယ်လို့Compressed(Zipped) မရှိရင် Cmd ကို Admin နဲ့ဖွင့်ပါ။
cmd /c assoc .zip=CompressedFolder ကိုရိုက်ထည့်ပြီး Enter နှိပ်၊
ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ။ Right Click\ Send to မှာ Compressed(Zipped) ပြန်ပေါ်လာမယ်။ မိမိရွေးလိုက်တဲ့ ဖိုင်၊ ဖိုဒါက
Zip နဲ့ချုံ့ပြီးသွားပါပြီ။ မှုရင်းဖိုင်နဲ့၊ Zip နဲ့ချုံ့ထားတာကို Right Click\
Properties ထဲဝင်ပြီး ဖိုင်ဆိုဒ် ပြန်စစ်ကြည့်ပါ။ Zip နဲ့ချုံ့ထားတာက
ဖိုင်ဆိုဒ်နည်းသွားပါမယ်။ ချုံ့ထားတာကို ပြန်ဖြည်ချင် Right Click\
Extract All ကို နှိပ်ပေးလိုက်ပါ။ Windows Built in နဲ့ချုံတာက
4GB အထိပဲ ချုံ့နိုင်ပါတယ်။ အဲ့ဒါကြောင့် ဖိုင်ဆိုဒ်အကြီးစားတွေကို
ချုံ့ချင်ရင်တော့ အသုံးများတဲ့ 7Zip,WinRAR ဆော့ဝဲလ်တွေကို
ဒေါင်းလုဒ်ဆွဲ၊ Run လိုက်ပါ။ http://www.7-zip.org/download.html နဲ ့
https://www.win-rar.com/start.html?&L=0 မှာ မိမိစက်နဲ့ကိုက်မယ့်
ဗားရှင်းကို ရွေးဒေါင်းလုဒ်ဆွဲပါ။ Run ပြီးသွားရင် ချုံ့ချင်တဲ့ ဖိုင်၊ဖိုဒါပေါ်မှာ
Right Click နှိပ်ပါ။ Add To Archive ကို နှိပ်ပါ။ Zip ဖိုင် သိမ်းထားမယ့်
နေရာကို Browse ကို နှိပ်ပြီးရွေးပါ။ ကြိုက်တဲ့နာမည်ပေးပါ။ Password
ပေးထားချင်ရင် Set Password ကို နှိပ်ပါ။ အကုန်ပြီးသွားရင် OK နှိပ်ပါ။
ချုံ့လိုက်တဲ့ဖိုင်ကို ပြန်စစ်ကြည့်ပါ။ မှုရင်းဖိုင်ထက် ဖိုင်ဆိုဒ်နည်းသွားပါမယ်။
ပြန်ဖြေချင်ရင် Right Click နှိပ်၊ Extract Here ကို နှိပ်ပါ။
ကိုယ်တိုင်စမ်းသုံးကြည့်မှ အကုန်သိနိုင်မယ်။
#crd.....NetComplus

No comments:

Post a Comment