Saturday, April 25, 2020

Window 10 မှာပါဝင်တဲ့ လူမသိသေးတဲ့ Features & Software များ

(၁) Window 10 မှာတော့ shortcuts အသစ်လေးတွေပါဝင်လာပါတယ်။ Shortcuts ဆိုတာကတော့ သင်ကွန်ပျူတာမှာ ရှိတဲ့ Program တွေကို ဖွင့်ရာမှာ အဆင့်တစ်ဆင့်ချင်းစီမလုပ်ပဲ Keyword တစ်ခုကိုနှိပ်ပြီးခိုင်းစေတာမျိုးဖြစ်ပါတယ်။
• Windows Key + A ကိုနှိပ်မယ်ဆိုရင် Action Center ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။ Action Center ဆိုတာကတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ Notification တွေကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
• Windows Key + I ကိုနှိပ်မယ်ဆိုရင် Window Setting ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။
• Window Key + Ctrl + D ကိုနှိပ်မယ်ဆိုရင် New Desktop တစ်ခုကို ထပ်ပြီးရရှိမှာဖြစ်ပါတယ်။
• Window Key + Ctrl + Arrow Key (Left/ Right/ Up/ Down) ကိုနှိပ်မယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ဖိုင်ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် အလွယ်တကူရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။
• Window Key + T ကိုနှိပ်မယ်ဆိုရင် Task bar မှာရှိတဲ့ ဖွင့်ထားသော File တွေကို Highlight အဖြစ်ပြသပေးမှာဖြစ်ပါတယ်။
• Window Key + G ကိုနှိပ်မယ်ဆိုရင် Game Bar ကိုအမြန်ဆုံးရောက်ရှိသွားမှာဖြစ်ပါတယ်။ Game Bar မှာဆိုရင် Screenshot ရိုက်တာတွေ၊ Screen Record လုပ်တာတွေ၊ Broadcast လုပ်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
(၂) Window 10 မှာတော့ Reset this PC ဆိုတဲ့ Feature အသစ်လေးပါဝင်လာပါတယ်။ ဒီ Feature အသစ်လေးကတော့ ဖုန်းတွေမှာပါဝင်တဲ့ Reset လုပ်တဲ့ Feature နဲ့ဆင်တူပါတယ်။ ကွန်ပျူတာထဲမှာရှိတဲ့ File တွေကို အလွယ်တကူဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ Update & Security ကိုနှိပ်ပါ။ ထိုမှတစ်ဆင့် Recovery ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Reset This PC လို့ပေါ်ပါလိမ့်မယ်။ အဲ့ဒီအောက်မှ Get Started ကိုနှိပ်ပြီး Reset ပြုလုပ်နိုင်ပါတယ်။
(၃) Storage Sense ဆိုတဲ့ Feature အသစ်လေးကတော့ ကွန်ပျူတာမှာ Storage တွေပြည့်နေတဲ့အခါမှာ မလိုအပ်တဲ့ File တွေကို အလွယ်တကူရှင်းပစ်နိုင်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ System ကိုနှိပ်ပါ။ ပြီးရင်တော့ Storage ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Storage Sense အောက်မှာ On လုပ်ပြီး Free up space now ကိုနှိပ်ပြီး ပြုလုပ်နိုင်ပါတယ်။
(၄) အခုတလော Night Mode တွေခေတ်စားလာတော့ Window 10 မှာလဲ Night Mode လိုမျိုး Night Light ဆိုတဲ့ Feature လေးပါဝင်ပါတယ်။ သူကတော့ Night Mode လို ကာလာအမည်းကြီးဖြစ်သွားမှာမဟုတ်ဘဲ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကွန်ပျူတာကို ညအချိန်တွေမှာအသုံးပြုတဲ့အခါ မျက်လုံးကိုမထိခိုက်နိုင်အောင်ကာကွယ်ပေးပါတယ်။ ကိုယ်မျက်လုံးနဲ့အဆင်ပြေမယ့်အလင်းရောင်ကိုစိတ်ကြိုက်ချိန်ညှိနိုင်သလို အချိန်ကိုလည်း စိတ်ကြိုက်ချိန်လို့ရပါတယ်။
(၅) Snipping Tool ဆိုတဲ့ Software လေးကို Window 10 မှာ Build-in ပါဝင်လာတာကိုတော်တော်များများသတိမထားမိကြပါဘူး။ အဲ့ Software လေးကတော့ Screenshot ရိုက်တဲ့ Software လေးပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က ကိုယ်လိုချင်တဲ့ နေရာကိုပဲရွေးပြီး Screenshot ရိုက်နိုင်မှာဖြစ်ပြီး အလွယ်တကူ Save နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key ကိုနှိပ်ပြီး Snipping Tool လို့ရိုက်ရှာပါ။ ပြီးရင် Software ထဲဝင်ပြီး အလွယ်တကူ Screenshot ရိုက်နိုင်မှာဖြစ်ပါတယ်။
(၆) နောက်ထပ်အသုံးဝင်မယ့် Software လေးကတော့ Steps Recorder ပဲဖြစ်ပါတယ်။ သူကတော့ Screen Record လုပ်တဲ့ Software ဖြစ်ပြီး အလွယ်တကူ ပြန် Save နိုင်မှာလည်းဖြစ်ပါတယ်။ ) ပြုလုပ်ပုံကတော့ Window Key ကိုနှိပ်ပြီး Steps Recorder လို့ရိုက်ရှာပါ။ ပြီးရင် Software ထဲဝင်ပြီး အလွယ်တကူ Screen Record လုပ်နိုင်မှာဖြစ်ပါတယ်။
(၇) Window 10 မှာတော့ Notification Center ကို Customize လုပ်လို့ရပါတယ်။ အဲ့ဒီ Feature ကတော့ တော်တော်အဆင်ပြေပါတယ်။ ကိုယ့်အတွက်အရေးကြီးတဲ့ Program တွေကို Notification Center ရဲ့အပေါ်မှာတင်ထားနိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးတွေကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ Notification & actions ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Notification လေးတွေကို အကွက်လေးတွေနဲ့ ဖော်ပြထားပြီး ကိုယ်ထားချင်တဲ့ Program ကိုဖိပြီးနေရာရွှေ့ပြောင်းနိုင်သလို အောက်မှာ Add or remove quick actions ကိုနှိပ်ပြီး စိတ်ကြိုက် program တွေကို ဖြုတ်နိုင်တတ်နိုင်ပါတယ်။
(၈) နောက်ဆုံးတစ်ခုက Window Defender ဆိုတဲ့ Build-in ပါတဲ့ Feature လေးပါ။ သူကတော့ Window 10 ရဲ့ Security ပိုင်းကိုအဓိကတာဝန်ယူရပြီး Virus တွေကို ကွန်ပျူတာထဲမဝင်အောင် အဓိကတာဝန်ယူလုပ်ဆောင်ပါတယ်။ သံသယဖြစ်ဖွယ် file တွေ၊ Link တွေကို ကွန်ပျုတာရဲ့ System ထဲကိုမရောက်အောင်တားဆီးပေးပြီး ဖြစ်နိုင်ရင် Window Defender ကိုအမြဲ Update လုပ်သင့်ပါတယ်။
သူငယ်ချင်းများ အားလုံးလွယ်ကူအဆင်ပြေကျပါစေ။
Credit (Tun Tun Aung)

No comments:

Post a Comment