Saturday, April 25, 2020

AutoCAD မှတ်စု ( For Layout )

AutoCAD မှတ်စု ( For Layout )
✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

ကဲ အားလုံးပဲ ဒီတစ်ခါ ကျွန်တော်တို့ Layout ဘက်က မှတ်စရာ Notes တစ်ချို့ကို လေ့လာကြည့်ရအောင် ... :)

[ 🔸 AutoCAD ထဲမှာ Model နဲ့ Layout ဆိုပြီး (2) မျိုးရှိတာ ကိုတော့ အားလုံးသိကြမယ်ထင်လို့ အသေးစိတ်တော့ မရှင်းတော့ဘူးနော်....
အကြမ်း မှတ်မယ်ဆိုရင် Model ထဲမှာ ပုံတွေဆွဲတယ် ... Layout ထဲမှာ ပုံတွေထုတ်တယ် လို့မှတ်ပါ :) :D ]

1. Model Space & Paper Space
ကျွန်တော်တို့ Layout ထဲရောက်တဲ့အခါ စာရွက် တစ်ရွက်တွေ့မယ်.. ပြီးတော့ #Model_Space နဲ့ #Paper_Space ဆိုပြီး #Space (2) မျိုး စသိရတယ်...

Model Space ရဲ့ shortcut က #MS
Paper Space ရဲ့ shortcut က #PS လို့ အလွယ်တကူ မှတ်ထားပါ..

Layout ထဲမှာ ကျွန်တော်တို့ ရောက်သွားတဲ့အခါ
#MS လို့ရိုက်ရင် model Space ထဲရောက်သွားပြီး Model ထဲမှာ ဆွဲထားခဲ့တဲ့ ပုံတွေကို Scale ချိန်တာတို့ နေရာတို့ လုပ်လို့ရပါတယ် ...

Paper ကို ပြင်သွားချင်တယ်ဆိုရင်တော့ Paper Space ဖြစ်တဲ့ #PS နဲ့ ပြန်ထွက်ရပါတယ် ...

(လက်တွေ့ AutoCAD ရဲ့ Layout ထဲသွားပြီး #MS #PS ဆိုပြီးရိုက်ကာ mouse က Wheel ကို Zoom အချုံ့/ ချဲ့ လုပ်ပြီး စမ်းသပ်ကြည့်ပါ )

✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

2. Viewport
နောက်တစ်ခုအရေးကြီးဆုံးက Viewport ပါ ...
Viewports ဆိုတာ PaperSpace ကနေ ModelSpace ကိုကြည့်နိုင်ဖို့ အပေါက်တစ်ခုလို့ နားလည်ရင်လဲရပါတယ် :)

Viewport ဆိုတဲ့ အပေါက်ကြီးသာ မရှိရင် Layout ထဲမှာ Model က ဆွဲထားတဲ့ ပုံတွေ မမြင်ရနိုင်ပါဘူး ...

🔸 Viewport သည် Obj တစ်ခုဖြစ်တာကြောင့် Viewport ကိုCopy ပွား/ Move ရွှေ့ လို့ရပါတယ်...
🔸 Viewport အတွင်း ကို Double Click ခေါက်တဲ့အခါ Paper Space (PS) ထဲရောက်ပြီး
Viewport အပြင် ကို Double Click ခေါက်တဲ့အခါ Model Space (MS) ထဲ ရောက်ပါတယ် ...
🔸 Viewport ကို Print ထုတ်တဲ့အခါ မမြင်ချင်ပါက Defpoints Layer ထဲထားလို့ရသလို Layer တစ်ခု သီးသန့်ပေးပြီး Layer Off ထားလို့လဲရပါတယ် ...
🔸 လက်ရှိ ရှိတဲ့ Viewport ကိုဖျက်ပြီး အသစ်ပြန်ဖန်တီးချင်ပါက Mview (MV) command ဖြင့် စိတ်ကြိုက်ဖန်တီးနိုင်သည်...

✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

3. Vpscale
ဒါကတော့ Layout ထဲမှာ ကျွန်တော်တို့ လက်ရှိချိန်ထားသော Viewport Scale ကို စစ်ကြည့်ဖို့အတွက်ပါ...

(ဥပမာ - Vpscale လို့ရိုက်ပြီး Layout ထဲက viewport ကို select မှတ်ပြီး Enter ခေါက်ကြည့်ပါ...
1" = 8' ... စသည်ဖြင့် ကျွန်တော်တို့ပုံရဲ့ ပုံထုတ် Scale ကို ပြပါလိမ့်မယ်)

✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

4. Mvsetup
ကျွန်တော်တို့ Model ထဲမှာ ရေးဆွဲထားသော Drawing ပုံများကို Layout ထဲတွင် Rotate လှည့်ထုတ်ချင်တဲ့အခါ Mvsetup ကိုသုံးပါတယ်.

(လက်တွေ့ပြုလုပ်ရန်)
Layout ထဲတွင် အောက်ပါအတိုင်း သုံးပါ ..
Mvsetup (Enter)
Align (Enter)
Rotate View (Enter) ...
Base Point ပြပြီး Rotation Angle တန်ဖိုးထည့်ပါ.. (Enter)
* ကျွန်တော်တို့ရဲ့ ပုံက Model ထဲမှာ ဘာမှမဖြစ်ပဲ Layout ထဲမှာ Rotate ဖြစ်နေပါလိမ့်မယ် ..

✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

5. Chspace
Model နဲ့ Layout အကြား ဗျာများနေကြတဲ့ ကျွန်တော်တို့အတွက် Layout က Paper ပေါ်မှာဆွဲထားတဲ့ အရာတွေကို Model ထဲကူးချင်တဲ့အခါ Change Space အဖြစ် chspace ကို အသုံးပြုလို့ရပါတယ် ..
(* Viewport ပေါ်ဆွဲမှသာ အသုံးပြုလို့ရတာပါ.. Viewport မရှိရင် သုံးလို့မရပါ)

✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

6. Wipeout
Wipeout Command က Model မှာလဲ အသုံးပြုလို့ရသလို Layout မှာလဲ သုံးလို့ရပါတယ်.... သူ့ရဲ့ လုပ်ဆောင်ချက်က Object တွေကို ဖျက်စရာ/ Delete လုပ်စရာ မလိုပဲ ကွယ်ဖျောက်ပေးတာပါ ...
Wipeout (Enter) ဆိုပြီး ကိုယ်ကွယ်ထားချင်တဲ့ Obj အပေါ် ဘောင်ခတ်ပေးလိုက်ရုံပါပဲ..
*Wipeout ရဲ့ Frame ဖျောက်ချင်တယ်ဆိုရင်တော့ wipeoutframe တန်ဖိုးကို 0 ထားပေးပါ ....

✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩
✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

အားလုံး အဆင်ပြေကြပါစေ....
(အခက်ခဲရှိပါက Comment မှာ မေးနိုင်ပါတယ်ခင်ဗျာ ....)

Ko Ye Yint ( #MAUC )
MAUC Engineering Training Center

🏡MAUC (ဇ၀န/သင်္ဃန်းကျွန်း)
အမှတ် ( 108/C ) 4 လွှာ၊ သုမင်္ဂလာလမ်းမ, သင်္ဃန်းကျွန်း ဇ၀နမှတ်တိုင် ရန်ကုန်။
☎ 09 420076512/ 09 977792247

Google Map >> https://goo.gl/maps/U7oKAZB2RSwrQ4Wy8
✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

🏡MAUC (တာ‌မွေ)
အမှတ် (118)/B 2 လွှာ, သမိန်ဗရမ်းလမ်းမ, တာမွေ(အဝိုင်း မှတ်တိုင်), ရန်ကုန်။
⭐ တာမွေ(အဝိုင်း မှတ်တိုင်) နှင့် တာ‌မွေ ပလာဇာ မှတ်တိုင်ကြား ⭐
☎ 09 420076512/ 09 967943650 / 09 960777563

Google Map >> https://goo.gl/maps/mgnABJ8e4aMZQmBh7
✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩✩

🏡MAUC ( မြောက်ဥက္ကလာပ )
အမှတ် (160) 5 လွှာ, ဝေပုလ္လ (4) လမ်း, မ/ဥက္ကလာ (အဝိုင်း မှတ်တိုင် / ရုံးသစ်မှတ်တိုင်), ရန်ကုန်။
📞 09 420076512

Google Map >> https://goo.gl/maps/TMw8EQAdFZXZFTHLA

No comments:

Post a Comment