Saturday, April 25, 2020

Basement Coordination

Basement တွေကို Coordination လုပ်တော့မယ်ဆို အများဆုံး တွေ့ရတဲ့
1.Jet Fan
2.Duct ( Exhaust, Fresh, Supply)
3.Sanitary Pipe
4.Plumbing Pipe
5.Fire Pipe
6.Cable Tray ( Electrical & ELV)
7.Conduit / Fitting
8.Panel
9.Pipe Sleeve
10.IC( Inspection Chamber)
ဒီပစ္စည်းတွေကိုပဲ
Construction Drawing ပါ Systemတွေအတိုင်း CSD လုပ်ပေးရပါတယ်
1.Jet Fan ကတော့ လေကို Exhaust Fan စီ
တွန်းပို့တာဖြစ်ပါတယ် အကွာဝေးအနေနဲ့
( 30m to 40m) အများဆုံးတွေ့ရပါတယ်။Jet Fan နောက်မှာ လိုအပ်တဲ့ Space တစ်ခုအနေနဲ့ ( 1m to 1.5m) အထိထားရပါတယ်
2.Duct တွေက အသုံးပြုတဲ့
a.Smoke Purging System
b.Mechanical Ventilation System
c.Air Conditioning System
c.Stair Case Pressurisation System ( Basement 2 storeys) မှာမလိုအပ်ပေမယ့် 3 Storeys ကနေစပြီး လိုအပ်လာပါပြီ။
Duct တွေဟာ Fire rated အုပ်တဲ့အခါတွေမှာ နေရာယူလာတာတွေရှိတဲ့အတွက် သေချာလေး Spaceချထားပေးဖို့လိုအပ်ပါတယ်။Service ကြီးတဲ့အတွက် သူ့အပေါ်ကနေ Fire Pipe/Plumbing Pipeတွေ ဖြတ်မပြေးတာအကောင်းဆုံးပါ။
3.Sanitary Pipe လို့ဆိုရာမှာ
3.1 RWDP ( Rain Water Downpipe)
3.2 WP ( Waste Pipe)
3.3 KWP ( Kitchen Waste Pipe)
3.4 MWP ( Medical Waste Pipe)
3.5 SWP ( Soil Waste Pipe)
3.6 ADP ( Aircon Drain Pipe)
3.7 Vent Pipe
ADP Pipeမှလွဲပြီး တခြားပိုက်တွေကိုတော့
( 1:80,1:85,1:90) Slopeတစ်မျိုးထဲကို အသုံးပြုရမှာဖြစ်ပါတယ်
4. ပိုက်တွေကတော့ Duct တွေ Cable Tray တွေမရှိတဲ့နေရာဆို Beam နဲ့ အကပ်ပဲ သွားစေပြီး မလိုအပ်ပဲ အချိုးကိုတတ်နိုင်သမျှနည်းအောင် ဂရုစိုက်ရမှာပဲဖစ်ပါတယ်။Horizontal အနေအထားမှာ ကွေးတာ ပြသနာအရမ်းမရှိပေမယ့် Vertical အနေထားအကွေးအကောက်များရင်တော့ လေခိုတာတွေဖြစ်နိုင်ပါတယ်။တတ်နိုင်သမျှဂရုစိုက်ဖို့လိုပါတယ်။
5.Fire Pipe လို့ဆိုတာနဲ့အများဆုံးတွေ့ရတာက
5.1 Hosereel Pipe
5.2 Wet Riser Pipe
5.3 Dry Riser Pipe
5.4 Sprinkler Pipe
( Hose, Wet Riser, Dry Riser) Pipeတွေကိုအတတ်နိုင်ဆုံးမကွေးမကောက်ဖို့လိုအပ်ပါတယ်။ Sprinkler ( Riser, Main Distribution, Branch Distribution) Pipe တွေကို မချိုးပဲ Coordinationလုပ်တာ Pump ရဲ့ Performance ကို ပိုပြီးကောင်းမွန်​ေစပါတယ်။
6.Cable တွေက Fire rated အမျိုးစားပဲဖြစ်နေပါစေ ရေမစိုတာအကောင်းဆုံးပါပဲဒါကြောင့်တစ်နေရာစီသို့မဟုတ် အပေါ်အောက်သွားသင့်ပါတယ်။ Power Cable နဲ့ ELV Data Cableတွေကို Tray တစ်ခုထဲက အတူသယ်သွားလို့မရပါဘူး။ Magnetic Field သက်ရောက်ပြီး ဖုန်းလိုင်းဆို အသံကြောင်ခြင်း၊Data ဆိုလိုင်းမကောင်းဖြင်း၊ MATV ဆို ရုပ်သံလိုင်းမှာ ဗြုတ်ထပြီး
ကြည့်မကောင်းတော့ပါဘူး။ Single Phase ဆို Conduit နဲ့ အဆင်ပြေပေမယ့် Three Phase ဆိုCable Tray ကိုအသုံးပြုရမှာဖြစ်ပါတယ်။
7.Conduit ,Conduit Fitting and junction Box တွေကို အများဆုံး Lighting , CCTV,PA,FI,Fire alarm,single phase power supply တွေမှာအသုံးပြုပါတယ်။Service သေးပေမယ့် Junction Boxကိုတခြား Service တွေနဲ့လွတ်မလွတ်သတိပြုဖို့လိုအပ်ပါတယ်။
8.Panel တွေကတော့ ELV Panelပဲ ဖြစ်ဖြစ် Power Panelပဲဖြစ်ဖြစ် 1800mm Height မှာတပ်ဆင်ကြပါတယ်။ Panelတွေရဲ့အပေါ်မှာ ရေပိုက်တွေမရှိရပါဘူး။CSR Room, MDF Room, Transformer Roomရဲ့အပေါ်မှာ ဘာရေပိုက်မှ မရှိရပါဘူး။
9.Pipe Sleeve တွေကို ပြင်ပမှာ Service တွေကို Basement ထဲကိုထည့်ချင်တဲ့အခါအသုံးပြုပါတယ်။ဥပမာ Floor Waste တို့ WC Point တို့အတွက် Pipe Sleeveထည့်သလို မှန်ကန်တဲ့နည်းလမ်းနဲ့ Installed လုပ်ခဲ့ရမှာဖြစ်ပါတယ်။ နည်းလမ်းမမှန်ကန်ရင်ရေယိုတာတွေ ရှိနိုငိတဲ့အတွက်အထူးသတိပြုဖို့လိုအပ်ပါတယ်။Electrical Power Supply , ရေပိုက်, Data တာတွေအတွက် Pipe Sleeve လိုအပ်ရင်ထည့်ခဲ့ရမှာဖြစ်ပါတယ်။
10.IC ရဲ့ Standard Size ကို BS Standard အရ ( 700mmL x 900mmW x 900mmH) ရှိရပါမယ် ။ 2m Depth ကျော်တာနဲ့ Ejector Pump ထည့်ဖို့လိုအပ်ပါတယ် ။သို့သော် 2m depth ကျော်ပြီး 1m Depth အောက်ဆင်းတိုင်း Lနှင့် Wကို 300mm စီထပ်ချဲ့ပေးပြီး Ladderထည့်ပေးဖို့လိုအပ်ပါတယ်။



No comments:

Post a Comment