Saturday, April 25, 2020

SYSTEM VARIABLE MONITOR

နောက်ပိုင်းတော့ ကျွန်‌တော် AutoCADမှာ ဒီလို System Variable တွေအတွက် အရမ်းအဆင်ပြေသွားတဲ့ System Variable Monitorကိုပဲသုံး‌ပါတယ်
အောက်ကစာကတော့ ဆက်စပ်မိစေဖို့အတွက် ကျွန်တော် 2016 က‌ရေးတင်ခဲ့ဖူးတာကို ပြန်တင်ပေးထားတာပါ ပုံ‌တွေအောက်မှာလည်း System Variable Monitor အသုံးပြုနည်းကို အနည်းငယ်ပြောပြပေးထားပါတယ်

System Variable ဥပမာ နဲ့ ရောက်တတ်ရာရာ[from 2016 Dec]>>>

AutoCAD မှာ -1,0,1,2,3,.... စတဲ့ တန်ဖိုးတွေပေးလိုက်ရင်
လုပ်ဆောင်ချက် တွေပြောင်းလဲသွားစေတဲ့ commandတွေများစွာရှိပါတယ် ဥပမာ
Textfill , pickfirst, xedit, mbuttonpan, ....စသဖြင့်ပေါ့
ဥပမာအနေနဲ့ mbuttonpan ကိုပဲပြောပါမယ်

MBUTTONPAN command ကတော့ Auto CAD အသုံးပြုနေတဲ့ Mouse Middle Button/ Scroll wheel ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲ ပေးလို့ရတဲ့ Comment လို့ပြောရင် မမှားပါဘူး ယျေဘူယအားဖြင့်တော့သုံးဖို့ မလိုအပ်ပါ ဒါပေမဲ့ User တွေအနေနဲ့ သိတော့ထားသင့်ပါတယ်
သာမန်အားဖြင့်AutoCAD မှာ Mouse Scroll Wheel ရဲ့ လုပ်ဆောင်ချက်ဟာ ဖိပြီးဆွဲရင် AutoCAD workspace ကြီးကို အပေါ်အောက် ဘယ်ညာ အလျှင်အမြန် ရွှေ့ကြည့်လို့ ရတဲ့ PAN အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်
ဒီမူရင်းအခြေအနေဟာ MBUTTONPAN enter 1 enter လို့ ပေးပြီးသား အခြေနေတစ်ခုဖြစ်ပါတယ်

ရှားရှားပါးပါးဖြစ်တတ်တာက Auto CAD အသုံးပြုနေရင်းနဲ့ ပဲ
Scroll Wheel ကို Pan အဖြစ်နဲ့ သုံးဖို့ ဖိလိုက်ကာမှ AutoCAD workspace ကြီးကို အပေါ်အောက် ဘယ်ညာ လုံးဝရွှေ့ဖို့ မဖြစ်နိုင်တော့ပဲ အောက်ကပုံ ထဲကလို Snap Menu ကြီး ပေါ်လာတဲ့ အခြေအနေတစ်ရပ်နဲ့ ကြုံ ရပြီး သုံးနေကြအတိုင်း မဟုတ်လို့ ဘာလို့ အဲဒီလိုဖြစ်တာလည်း မသိရင် အခက်တွေ့ ရတက်ပါတယ်
( shift နဲ့ Click နဲ့ တွဲသုံးရင်သာ Snap Menu ကပေါ်ရမှာဖြစ်ပါတယ် )
အဲလို ဘာလို့ ဖြစ်လည်းဆိုရင် MBUTTONPAN enter 0 enter လို့မှား ပေးမိထားလို့ mouse scroll wheel ကို ဖိလိုက်ရင် Snap Menu ပေါ်စေဆိုပြီးဖြစ်နေတော့တာပါ

ဒီတော့ MBUTTONPAN comment ကိုသိတာနဲ့ ဒီပြသနာ ကို အလွယ်တကူဖြေရှင်းလို့ရပြီပေါ့
MBUTTOMPAN enter 1 enter လို့ပြောင်းပြီးပေးလိုက်ရုံပါပဲ

Auto CAD နောက်ထွက်တဲ့ Version တွေမှာ comment တွေရဲ့ အစလုံးတွေ ဖိမိပြီး Spacebar ဖိမိတာနဲ့ ခုလိုမလိုတဲ့ comment တန်းဝင်သွားတတ်တာဖြစ်တဲ့ အတွက် ခုလိုပြသနာတွေ က နောက် version တွေမှာ အဖြစ်များပါတယ် ရှေ့version တွေ များ မှာလည်း အမျိုးမျိုးတော့ဖြစ်တတ်ပါတယ်

အခြား modify tool တွေဖြစ်တဲ့ Fillet တို့ Chamfer တို့
Create tool တွေဖြစ်တဲ့ Line တို့ Circle , rectangle တို့ကို Comment ပေးပြီးဆွဲ တဲ့ခါမှာလည်း ကီးတွေမှားနှိပ်မိထားလို့ error ဝင်နေသလိုဖြစ်နေပြီး ဆွဲနေကြပုံစံအတိုင်းဆွဲလို့ မရတော့လို အခက်တွေ့ ရတတ်ပါတယ်

အဲဒီလိုတွေဖြစ်နေရင်တော့ တော်တော် များများကို Regeneration ပြုလုပ်တဲ့ RE comment နဲ့ ပဲ ဖြေရှင်းလိုက်လို့ရပါတယ် RE enter ဆိုရပါပြီ

Mouse Scroll wheel ကို လှည့်ပြီး Zoom ချံ့ ချဲ့ ပြုလုပ်ရာမှာ အခက်တွေ့နေတယ်ဆိုရင် လည်း RE enter ကို အသုံးပြုနိုင်ပါတယ် ...

နောက်ပြီး drawing ထဲမှာ object တွေ ရှိမနေပဲနဲ့ သို့မဟုတ် ရှာမတွေ့ပဲနဲ့ block name တွေ layer name တွေ ဖျက်မရပဲ ကျန်နေတာ ကို ဖျက်ချင်တာမျိုးဆိုရင် purge နဲ့ ဖြေရှင်းနိုင်ပါတယ် အဲ့ ဒါတွေကို ရှင်းဖို့အတွက် purge command ရိုက်ပြီး box ကျလာရင် လက်တွေ့ အဆင့်ဆင့် လုပ်ကြည့်ဖို့ပဲပြောချင်ပါတယ်

နောက်တစ်ခုက drawing error အတော်များများကို ဖြေရှင်းနိုင်တာက Audit ပါ
Audit enter Yes enter ဒါမှမဟုတ် auditctl enter 1 enter ဆိုရပါပြီ

Audit နဲ့မှ အဆင်မပြေဘူးဆိုရင်တော့ Recover command သုံးပြီး တစ်နေရာမှာ save ပြီး ပြန်ဖွင့်သုံးကြည့်ပါလို့ပဲ အကြံပေးပါရစေ

အားလုံးအဆင်ပြေကြပါစေ

ကျွန်တော် ဒီPost ကိုရေးတဲ့ အခါမှာ စနစ်တစ်ကျ သေချာစီစစ်ပြီးရေးတာ မဟုတ်ပဲ လုံးဝမသိသေးသူများ ဗဟုသုတရစေရန်အတွက်သာ မှတ်မိသလောက် ရေးခြင်းဖြစ်တဲ့ အတွက် အမှား အနည်းငယ် ပါရင်
ဖြည့်တွေးပေးကြဖို့ တော့ ပြောလိုပါ တယ်

No comments:

Post a Comment