Saturday, April 25, 2020

AUTOCAD မှာဒါတွေလေ့လာပါ။



☘️ ကိုယ်ဟာ AutoCAD နဲ့ အလုပ်လုပ်နေရတဲ့ သူတစ်ယောက်ဆိုရင် AutoCAD ကို အခြေခံ သဘောတရားတွေ နားလည်ပြီးသား လူတစ်ယောက်ဖြစ်ပြီးတဲ့အခါ ကိုယ့်အတွက် အထောက်အကူပြုမယ့် AutoCAD က လေ့လာစရာ/ လေ့ကျင့်စရာ တစ်ချို့ အကြံပြု မျှဝေပေးပါရစေ .... :)

01. Using Data Extraction for Reports
ကျွန်တော်တို့ရဲ့ AutoCAD Drawing တွေကနေ ပစ္စည်းစာရင်းတွေ/ Material List တွေကို အရေအတွက် စာရင်းဇယား အတိအကျ ကောက်ဖို့အတွက် AutoCAD မှာ Data Extraction ဆိုတဲ့ Tools လေးက aအရမ်းအထောက်အကူပြုမှာပါ ....
Command Box မှာ DATAEXTRACTION လို့ရိုက်ပြီး အသုံးပြုနိုင်ပါတယ် ...

( Data Extraction က ပစ္စည်း စာရင်းဇယားတွေသာ မကပဲ .. Point တွေရဲ့ Coordinate တန်ဖိုးတွေပါ Data ကောက်ပေးနိုင်တာကြောင့် သင်ဟာ Data ကောက်ရတဲ့သူဆိုရင် အလွန် အသုံးတည့်မှာပါ ) ...

02. Closeall & Saveall Command
အလုပ်ထဲမှာ Drawing File တွေအများကြီး ဖွင့်ထားရင်း ပြန်ပိတ်တဲ့ အခါ တစ်ဖိုင်ချင်းစီ/ တစ်ခုချင်း လိုက်ပိတ်နေရတယ်ဆို တစ်ခါတည်းနဲ့ ဖွင့်ထားသမျှ File အားလုံးကို တစ်ချက်တည်း ပိတ်ပေးမယ့် Closeall နဲ့ Saveall ဆိုတဲ့ Command လေးကို သတိရလိုက်ပါ ...

03. Burst Command
Block Object တွေကို Explode ချင်သူများအတွက် Explode (X) အပြင် Burst ဆိုတဲ့ Command လေးပါ လေ့လာထားပါ ... Burst က သင့်ကို Block တွေကို Attribute Definition တွေ မပျောက်ပဲ Explode ခွဲပေးမှာပါ ....

04. Multiple Command
AutoCAD Command တစ်ခုကို တောက်လျောက်အမြဲ သုံးချင်တယ်ဆိုရင် Multiple လို့ရိုက်ပြီး ကိုယ် သုံးမယ့် Command name ရိုက်ပေးလိုက်ပါ .. ဒါဆို Escape မနှိပ်မချင်း အာ့ Command က အမြဲဝင်နေပါလိမ့်မယ် .... :)
( ဒီ Multiple ဆိုတဲ့ Command လေး အတော် မိုက်သဗျ ) :D

05. Overkill Command
နောက်ထပ် တစ်ခု က Overkill ပါ .. သူက ကျွန်တော်တို့ရဲ့ Drawing တွေထဲမှာ ကိုယ်မမြင်ရတဲ့ duplicates and overlapping ဖြစ်နေတဲ့ Object/ Line တွေကို အမြန်ဆုံး ရှင်းလင်း ဖျက်ပေးပါလိမ့်မယ် ...

06. Changing the Mouse Wheel Speed
Drawing ဆွဲနေရင်း Mouse Wheel နဲ့ Zoom ဆွဲတဲ့အခါ အရမ်းနှေး/ မြန်နေတယ်လို့ ခံစားနေရရင် ZOOMFACTOR command နဲ့ ပြင်လို့ရနိုင်ပါတယ် ...
zoomfactor လို့ရိုက်ပြီး မိမိလိုချင်တဲ့ wheel speed တန်ဖိုးကို ပြင်ဆင်လို့ရပါတယ် ... ( တန်ဖိုးတွေကို 3 မှ 100 အထိသာ ပြင်လို့ရပါတယ် ) ** 60 လောက်ဆို ပုံမှန်အားဖြင့် အဆင်ပြေပါတယ် ...

************************************************************************************

AutoCAD နဲ့ အလုပ်လုပ်နေကြတဲ့သူများ အနေဖြင့် အထက်ပါ (6) ချက်က အထောက်အကူပြုမယ်လို့ ဆန္ဒပြုလျက် .... :)

Ko Ye Yint Aung ( MAUC )
09 420076512

🔸 Myanmar AutoCAD Users Center - MAUC
🔸 MAUC Training Center

No comments:

Post a Comment