Saturday, April 25, 2020

🔸 AutoCAD Drawing Scale Factor & Text Height များအကြောင်း 🔸

Drawing တွေရေးဆွဲတဲ့အခါ Drawing တွေထဲမှာ ကျွန်တော်တို့တွေ အသုံးပြုတဲ့ Text Height တွေအကြောင်း ဆွေးနွေးကြရအောင်...

AutoCAD Drawing တွေမှာ အတိုင်းအတာတွေကို Full Scale ဖြင့်ဆွဲကြပါတယ်...
ဥပမာ - Building က အတိုင်းအတာ 40' x 60' ရှိတယ်ဆိုရင် AutoCAD ထဲမှာကျွန်တော်တို့တွေရေးဆွဲတဲ့ အတိုင်းအတာတွေကလည်း Actual Dimension အတိုင်း 40' x 60' သတ်မှတ်ပြီးရေးဆွဲကြပါတယ် ...

အဓိက ကျွန်တော်တို့တွေရဲ့ Drawing တွေမှာ အသုံးပြုတဲ့ Text / Dimension တွေအတွက် Text Height / Dimension size တွေ ဘယ်လို သတ်မှတ်အသုံးပြုကြမလဲဆိုတာ AutoCAD အသုံးပြုသူအတော်များများ ဆီမှာ မေးခွန်းတွေရှိနေပါတယ် ... ဒီ Drawing တွေအတွက် Text တွေကို Height တန်ဖိုးဘယ်လောက်နဲ့ရေးရမလဲ ဆိုတာ လုပ်ငန်းခွင်က Junior Drafter တွေအတွက် မေးနေကြမေးခွန်းတွေပါပဲ....

AutoCAD Text Height တွေအကြောင်း သတ်မှတ်ပုံနည်းတွေ အမျိုးမျိုးပါပဲ ...
တစ်ချို့က ကိုယ့် Drawing Area တွေအပေါ်မူတည်ပြီး အသုံးပြရမည့် Text Height ကို တွက်ရေးကြတယ် ....
( ဥပမာ - ကိုယ့် ပုံရဲ့ Drawing Area က ဘယ်လောက်ဆိုရင် Text Height ကို ဘယ်လောက်သုံးမယ်ဆိုတာမျိုးပေါ့ ) :)

နည်းလမ်းတွေ အမျိုးမျိုးတွေထဲက ကျွန်တော်တို့အတွက်က Drawing Plotted Scale ပေါ်မူတည်ပြီး Drawing Text Height တွေကို တွက်ချက်ရေးသားကြပါတယ် ...

ကျွန်တော်တို့ သိရမယ့် အချက်က Minimum Readable Text Height ပါ ....
Minimum Readable Text Height = 3/32” (or ) 2.5 mm လို့ သတ်မှတ်လို့ရပါတယ် ...
ကျွန်တော်တို့တွေက Drawing တွေကို ဘယ်လောက် Plot Scale နဲ့ထုတ်ထုတ် On Paper ပေါ်မှာ ရှိရမယ့် Text Height က 3/32” ဒါမှမဟုတ် 2.5 mm ရှိရမယ်လို့ သတ်မှတ်ပြီး တွက်ရပါမယ် ...

တွက်နည်းက ....
( ဥပမာ - ကိုယ့် ပုံရဲ့ Drawing က 1/8" = 1' Scale နဲ့ Plot ထုတ်မယ်ဆိုပါစို့ ....
1/8" = 1' ဆိုတာ တစ်နည်းအားဖြင့်
0.125" = 12" လို့ မြင်ကြည့်ပါ ... (Minimum Readable Text Height = 3/32” ဆိုတော့ တစ်နည်းအားဖြင့် 0.09375" ဆိုတော့ 0.1" လို့ သတ်မှတ်လိုက်ပါမယ် )

0.125" = 12"
0.1" = ? ( 0.1" ဆိုတာ Paper ပေါ်မှာ ရှိစေချင်တဲ့ Text Height ပါ )

= ( 0.1 x 12 ) / 0.125 = 9.6 " ရပါတယ်

ဒါဆိုရင် ဒီ Drawing အတွက် အသုံးပြုမယ့် Text Height /Dimension Size တွေက 9.6" နဲ့ ရေးပါတယ် ...

အကယ်လို့ Drawing Plotted Scale က 1/4" = 1' ဆိုရင်
0.25" = 12"
0.1" = ? ( 0.1" ဆိုတာ Paper ပေါ်မှာ ရှိစေချင်တဲ့ Text Height ပါ )
= (0.1 x 12 ) / 0.25 = 4.8" ရပါတယ် ...
ဒါဆိုရင် ဒီ Drawing အတွက် အသုံးပြုမယ့် Text Height /Dimension Size တွေက 4.8" နဲ့ ရေးပါတယ် ...

ဒီနည်းလမ်းနဲ့ ကျွန်တော်တို့ Drawing တွေအတွက် Text Height / Dimension Size တွေ သတ်မှတ်ရေးလို့ ရပါတယ် ...

တစ်ခြား Text Height သတ်မှတ်တဲ့ နည်းတွေ သိသလောက် မျှဝေပေးကြပါဦး ခင်ဗျာ ...

( ဆက်လက်ပြီး Plot Scale Factor နဲ့ Page Setup အကြောင်း သိသလောက် မျှဝေပေးပါဦးမယ် ) :)

#MAUC
#AutoCAD
#TextHeight



No comments:

Post a Comment