Sunday, January 28, 2018
Detail Filter
Detail Filter ဟာ Revit မှာပါတဲ့ Filter ထက်ပိုပြီး Detail ရွေချယ်လို့ရပါတယ် ။ Category , Size , etc စုံစုံလင်လင် Filter လုပ်ပြီး Select လုပ်နိုင်ပါတယ်။ Window os 64 bit မှာ သုံးတဲ့ Revit Add-on လေးဖြစ်ပါတယ်။အောက်မှာ Download Link ပေးထားပါတယ်။
RQuick Select
Download Link
Friday, January 5, 2018
Reduce File Size in Autocad
Autocad ရဲ့ DWG format မှာ File Size လျှော့ချဖို့အကြောင်းလေးပြောပြချင်ပါတယ်။
STEP-1
1.မူရင်း dwg file ကိုဖွင့်ပါ၊ layer manager ကနေ layer တွေအကုန်လုံးကို unlock လုပ်လိုက်ပါ။
STEP-2
2.Layout 1 ပေါ်မှာ Right Click နှိပ်ပြီး new layout တစ်ခုအသစ်ဖွင့်ပါ။ သူ့အလိုအလျောက်ပါလာသော Viewport ကို ဖျက်ပစ်လိုက်ပါ။
STEP-3
3.Defpoint layer ကို current ထားပါ။ Viewport အသစ် ခေါ်ရန်အတွက် command line တွင် mv enter, 0,0 enter, 500000,500000 enter ရိုက်ပါ။ Viewport အသစ်တစ်ခုရလာပါမည်။
STEP-4
4. Ctrl + 1 နှိပ်ပြီး Properties Pallete ကို ဖွင့်ပါ ။ Viewport ကို select မှတ်ပြီး Properties Box ရဲ့ Misc အောက်က, Standard Scale ကို 1:1 ထားပါ။
STEP-5
5.Viewport ထဲကို Double Click ဖြင့် ဝင်ပြီး Select all လုပ်ပါ ။ Drawing အားလုံးကို Select လုပ်ပြီးပါက Command line တွင် chspace enter ရိုက်ပါ။ Model space ထဲက ဆွဲထားတာအားလုံး
paper space ထဲရောက်လာမည် ဖြစ်သည်။ Viewport ထဲက ထွက်ဖို့အတွက် command line တွင် ps enter ရိုက်ပါ။
STEP-6
6.အာလုံးပြီးပါက saveas ၊ dwt format ဖြင့် save တနေရာတွင် save လိုက်ပါ။
STEP-7
7.New drawing တစ်ခုဖွင့်လိုက်ပါ ။ layout tab တစ်ခုပေါ်ကို right click နှိပ်ပြီး from template ဆိုတာကိုရွေးပြီး STEP-6 တွင် dwt format ဖြင့် save ထားသော file ကို select လုပ်ပါ။ box လေးတခုပေါ်လာမည်။ အာလုံးကို ရွေးပြီး ok လုပ်ပါ။ dwt file တွင်ရှိသော layout များအားလုံး New drawing ကိုရောက်လာပါမည်။
STEP-8
8.layout တွင် View port တစ်ခုကိုသာ ချန်ထားပြီး select all လုပ်ပါ။ select လုပ်ပြီးပါက command line တွင် chspace enter ရိုက်ပါ။ drawings များအားလုံး model space သို့အာလုံး ရောက်သွားပါမည်။
STEP-9
9.မလိုအပ်သော layout များကို ဖျက်ပစ်ပါ ။ file ကို dwg format ဖြင့်ပြန် save လိုက်ပါ file size သိသိသာသာလျော့ကျသွားပါမည်။
👉ပြီးပါပြီ👈
Sumatra PDF Reader
Sumatra PDF Reader ဟာအရမ်းပေါ့ပါးမြန်ဆန်ပြီး ရိုးရှင်ပါတယ် ။ PDF File တွေမှာပါလာတတ်တဲ့ Virus တွေကိုလည်း Sumatra PDF Reader က တားဆီးကာကွယ်နိုင်ပါတယ်။ Software ကို installed လုပ်ပြီးလည်းသုံးလို့ရသလို Portable Version လည်းရှိပါတယ် ။ 32 Bit အတွက်ရော 64 bit အတွက်ပါ ထောက်ပံပေးထားပါတယ်။ တခြား PDF reader ကိုသုံးရတာငြီးငွေ့နေရင်စမ်းသုံးကြည့်ဖို့အကြံပြုပါတယ်။ အောက်မှာ Download link ပေးထားပါတယ်။
Download Link
Sunday, December 24, 2017
Zawgyi Font Setting for Microsoft Edge Browser
Window OS မှာပါလာတဲ့ Microsoft Edge Browser ဟာ အရင်က သုံးရတာ သိပ်အဆင်မပြေပါဘူး Chrome တို့ Mozilla တို့နဲ့ယှဉ်လိုက်ရင် တခုခုလိုနေသလိုပဲ ဒါပေမယ့်အခုလက်ရှိမှာတော့ Chrome တို့ Mozilla တို့ထက်သိသိသာသာ မြန်သွားပါပြီး ။ ဒါပေမယ့် မြန်မာတွေအသုံးများတဲ့ Zawgyi font ကို ချိန်းဖို့ Font Change ရမဲ့ Setting ပါမလာပါဘူး ။ အခုကျွန်တော်ပြောပြပေးချင်တာက Microsoft Edge မှာ Zawgyi Font မြင်ရဖို့ ပြုလုပ်ပုံဖြစ်ပါတယ် ။ ပုံးလေးတွေနဲ့ တဆင့်ချင်ရှင်းပြထားပါတယ်။ အဆင်ပြေမှာပါ ။
💪💪💪💪💪
![]() |
| 1.Keyboard မှာ Window + R ကို နှိပ်ပြီး ပေါ်လာတဲ့ Window မှာ Control ကိုရိုက်ပြီး ok လုပ်ပါ။ Control Panel ပွင့်လာပါမယ် |
| 2. Add a Language ကို Click ပါ။ Window တခုပွင့်လာပါမယ်။ |
![]() |
| 3.ပေါ်လာတဲ့ Window မှာလည်း Add a language ကို Click ပါ။ Window တခုထပ်ပွင့်လာပါမယ်။ |
![]() |
| 4.ဇော်ဂျီ Myanmar ကို ရှာပြီး Add လိုက်ပါ။ |
| 5.Advanced Setting ကို Click ပါ ။ |
| 6. ပုံမှာပြထားတဲ့ အတိုင်း Use language list ( Recommended ) ရွေးပါ ။ Save လုပ်ပါ။ Microsoft Edge Browsere မှာ Zawgyi Font ကို ဖတ်လို့ရပါပီ ။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ |
💪💪💪💪💪
Friday, December 22, 2017
PalladioXBIMWindowsLayout
PalladioXBIMWindowsLayout ဟာ အရမ်းအသုံးဝင်တဲ့ Revit Addon တခုဖြစ်ပါတယ်။ Revit မှာ View တွေအများကြီးဖွင့်ပြီး အလုပ်လုပ်တဲ့အခါမှာ Revit မှာပါတဲ့ Window Tile ဟာ View တွေကို တူညီတဲ့အရွယ်အစားအတိုင်းပဲ ပြပေးပါတယ် ။ PalladioXBIMWindowsLayout ကတော့ လိုသလို View တွေကိုအကြီးအသေး လွယ်ကူစွာလုပ်လို့ရပါတယ် ။ သုံးကြည့်လိုက်ပါဦး။ Window 64 bit မှာသုံးဖို့အတွက်ပဲဖြစ်ပါတယ် ။ Download Link အောက်မှာပေးထားပါတယ် ။
Download Link
Thursday, December 21, 2017
Coin Auto Section Box
Coin Auto Section Box ဟာ အရမ်းအသုံးဝင်တဲ့ Revit Addon တခုဖြစ်ပါတယ်။Auto Section Box ကို install လုပ်ပြီးသာနဲ့ Keyboard Shortcut မှာ တခုပေးပြီး Assign လုပ်ထားပါ။
ကိုလိုအပ်သလိုချိန်ထားတဲ့ Section Line လေးကို Select လုပ်ပြီး ခဏက လုပ်ထားတဲ့ Coin Auto Section Box Shortcut ကို သုံးလိုက်တာနဲ့ 3D View ကို လွယ်လွယ်ကူကူ ပြောင်းပေးသွားမှာပါ။
ကိုလိုအပ်သလိုချိန်ထားတဲ့ Section Line လေးကို Select လုပ်ပြီး ခဏက လုပ်ထားတဲ့ Coin Auto Section Box Shortcut ကို သုံးလိုက်တာနဲ့ 3D View ကို လွယ်လွယ်ကူကူ ပြောင်းပေးသွားမှာပါ။
Download Link
Shweyoe Dictionary Version Unicode 2.0 ဟာ မြန်မာစာ ယူနီကုဒ်စနစ်အသုံးပြုတဲ့ ကွန်ပျူတာတွေမှာသုံးဖို့ ဖြစ်ပါတယ်။ ရှားရှားပါးပါး ယူနီကုဒ် Dictionary လေးမို့ လိုအပ်လို့ Download ယူချင်ရင် အောက်ကလင့်လေးကို ကလစ်လိုက်ပါ။
Download Link
Wednesday, December 20, 2017
Puffin Browser
အရမ်းမိုက်တဲ့ Browser လေးတခုကို ပြောပြပေးချင်ပါတယ် ။ Puffin Browser ဟာ cloud browser ဖြစ်တာကြောင့် ကိုယ်အသုံးပြုနေတဲ့ Internet line ရဲ့ Administrator က အသုံးပြုလို့မရအောင်ပိတ်ထားတဲ့ ဆိုဒ်တွေကိုလည်း ဖွင့်ကြည့်နိုင်ပါတယ် ။ အမြန်နှုန်းကလည်း အားရစရာပါပဲ Window, Android, ios, Linux စတဲ့ Plaform အစုံအလင်မှာအသုံးပြုနိုင်ပါတယ်။ အောက်မှာပေးထားတဲ့ Download Link ကတော့ Window OS အတွက်ဖြစ်ပါတယ်။
Download Link
Tuesday, December 19, 2017
Whizzo Dictionary
ကွန်ပျူတာသုံး Dictionary တခုဖြစ်တဲ့ Whizzo Dictionary လေးကို ပြောပြချင်ပါတယ် ။ ရှာဖွေရတာအဆင်ပြေတဲ့အပြင် User interface ကလည်း Fresh ဖြစ်လို့ စမ်းသုံးကြည့်စေချင်ပါတယ် ။ ဒေါင်းရမယ့်လင့် ကို အောက်မှာပေးထားပါတယ် စမ်းကြည့်လိုက်ပါဦး ။
Download Link
Thursday, November 30, 2017
Datally: mobile data-saving & WiFi app by Google
Datally ဟာ Android အတွက် Google ကနေ ထုတ်လုပ်ထားတဲ့ Mobile Data Saving Application တခုကို မျှဝေချင်ပါတယ် ။ Play Store မှာလည်း 4.4 rating ရရှိထားပါတယ်။ Free android application လည်းဖြစ် Google ကထုတ်လုပ်ထားတဲ့ Application လေးဖြစ်တာကြောင့် သိပ်စဉ်းစားဖို့လိုမယ်မထင်ပါဘူး ။ စိတ်ဝင်စားရင်တော့အောက်က Link ကနေ Play store မှာ Download & Install လုပ်နိုင်ပါတယ်။
Download Link
BitDefender Antivirus
BitDefender Antivirus Free Edition က သင့်ရဲ့ Computer ကို Viruses တွေ Malware တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ် ။ Free ဆိုပေမဲ့ အထင်မသေးလိုက်ပါနဲ့နော် ယုံကြည်စိတ်ချရမှုကတော့ ထိပ်တန်းအဆင့်ပါပဲ။ စိတ်ဝင်စာလို့ သုံးကြည့်ချင်ပါတယ်ဆိုရင်အောက်မှာ Download လုပ်ဖို့ Link လေးကို Click လိုက်ပါ။
Download Link
Download Link
Monday, November 27, 2017
Librea Office 5.4.3
Librea Office က Free စာစီစာရိုက် Software ဖြစ်ပါတယ် Free Software ဆိုပေမယ့် အရမ်းကောင်းတဲ့ Features တွေအစုံအလင်နဲ့ပါခင်ဗျာ။ Microsoft office လိုပဲ မျိုးစုံအသုံးပြုလို့ရပါတယ်။ မြန်မာဖောင့်တွေနဲ့လည်း အဆင်ပြေပါတယ်။ ပါဝင်တဲ့ဟာတွေကတော့ အောက်မှာဖော်ပြပေးထားပါတယ်။
စာရေးဖို့အတွက် Writer Document
စာရင်းဇယားတွေအတွက် Calc Spreadsheet
Presentation အတွက် Impress Presentation
Design အတွက် Draw Drawing
သင်္ချာပုံစံတွေရေးဖို့အတွက် Math Formula
Database အတွက် Base Database
ကဲသုံးကြည့်ချင်တယ်ဆိုရင် အောက်ကပေးထားတဲ့ Link မှာ Download လုပ်နိုင်ပါတယ်။
စာရေးဖို့အတွက် Writer Document
စာရင်းဇယားတွေအတွက် Calc Spreadsheet
Presentation အတွက် Impress Presentation
Design အတွက် Draw Drawing
သင်္ချာပုံစံတွေရေးဖို့အတွက် Math Formula
Database အတွက် Base Database
ကဲသုံးကြည့်ချင်တယ်ဆိုရင် အောက်ကပေးထားတဲ့ Link မှာ Download လုပ်နိုင်ပါတယ်။
Download Link
Sunday, November 26, 2017
GIMP
GIMP က ဓါတ်ပုံဝါသနာရှင်တွေအတွက် အကြိုက်တွေ့မယ် Software လေးဖြစ်ပါတယ် ။ Best Free Photo Editing Tool လေးဖြစ်ပါတယ်။ အသုံးပြုလိုရင်တော့ အောက်က Link လေးကို Click ပြီး Download ပြုလုပ်နိုင်ပါတယ် ။
Download Link
Saturday, November 25, 2017
Speccy
Speccy က ကိုယ်သုံးနေတဲ့ Computer ရဲ့ Hardware အချက်အလက်တွေ ၊ Operating System ရဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ သိရှိဖို့ အသုံးပြုနိုင်ပါတယ် ။ Free version မှာသုံးခွင့်ပေးထားတဲ့ Features တွေကတော်တော်ပြည့်စုံပါတယ် ။ လိုအပ်လို့ အသုံးပြုချင်တယ်ဆိုအောက်က Link မှာ Download လုပ်လိုက်ပါ ။
Download Link
Friday, November 24, 2017
eMail Client
eMail Client ဟာ Microsoft Outlook လိုပဲ အသုံးပြုရတဲ့ Program ဖြစ်ပါတယ်၊ လွယ်ကူစွာပဲ eMail တွကို စီမန်ခံခွဲနိုင်ပါတယ်။ Free Version အနေနဲ့ပေးသုံးထားတာတွေက အရမ်းပြည့်စုံးနေပါတယ် ။ ရုံးသမားတွေအတွက် အသုံးပြုဖို့ကောင်းတဲ့ Program လေးဖြစ်ပါတယ် ။ အသုံးပြုလိုရင်တော့အောက်က Download Link ဆိုတာကို click လိုက်ပါ ။
Thursday, November 16, 2017
Freemake Video Downloader
Freemake Video Downloader လေးဟာ Youtube က Video တွေကို လွယ်လွယ်ကူကူ Download လုပ်ပေးနိုင်ပါတယ်။ အသုံးပြုပုံကလည်း အရမ်းလွယ်ကူရိုးရှင်ပါတယ် ။ ကိုဖွင့်ထားတဲ့ Youtube Video အပေါ်မှာ Right Click နှိပ်ပြီး Copy Video URL ကို Click လုပ်ပြီးတော့ Freemake Video Downloader ရဲ့ Paste URL ကို Click လိုက်တယ်ဆိုရင်ပဲ Video ကို Download လုပ်ပေးတော့မှာဖြစ်ပါတယ်။ Software Download လုပ်ပုံ ၊ Installation ပြုလုပ်ပုံ ၊ အသုံးပြုပုံတို့ကို Screen Shoot လေးတွေနဲ့ဲ့ပြထားပါတယ်။ အသုံးပြုချင်ရင်တော့ အောက်က Link ကို Click လိုက်ပါ။
Download Link
Subscribe to:
Posts (Atom)


































