Wednesday, April 29, 2020

Revit family 3D Component : 3D Car family 🚙🚗🚘🚕🚌🚐🚍🚌🚕🚗🚘🚙🚖🚕🚗🚙(Kaung Htet Naing အကောင့်မှ ကူးယူဖော်ပြသည်)

စုဆောင်းထားလို့ရသလောက် Collection လေးကို share လုပ်လိုက်တာပါ
ကျွန်တော်ကိုယ်တိုင်း Creation လုပ်ထားတာမဟုတ်သောကြောင် Original Creator
များကို Credit ပေးပါသည်။ Car Component အစီး 70 စုစည်းထားသော Zip File ဖြစ်ပါသည်.
Project file မဟုတ်ပဲ .rfa revit family files များဖြစ်သောကြောင့် Library ထဲမှာ
သိမ်းထားပြီးအလွယ်တကူအသုံးပြုနိုင်ပါသည်။

                               DOWNLOAD LINK



Saturday, April 25, 2020

Basement Coordination

Basement တွေကို Coordination လုပ်တော့မယ်ဆို အများဆုံး တွေ့ရတဲ့
1.Jet Fan
2.Duct ( Exhaust, Fresh, Supply)
3.Sanitary Pipe
4.Plumbing Pipe
5.Fire Pipe
6.Cable Tray ( Electrical & ELV)
7.Conduit / Fitting
8.Panel
9.Pipe Sleeve
10.IC( Inspection Chamber)
ဒီပစ္စည်းတွေကိုပဲ
Construction Drawing ပါ Systemတွေအတိုင်း CSD လုပ်ပေးရပါတယ်
1.Jet Fan ကတော့ လေကို Exhaust Fan စီ
တွန်းပို့တာဖြစ်ပါတယ် အကွာဝေးအနေနဲ့
( 30m to 40m) အများဆုံးတွေ့ရပါတယ်။Jet Fan နောက်မှာ လိုအပ်တဲ့ Space တစ်ခုအနေနဲ့ ( 1m to 1.5m) အထိထားရပါတယ်
2.Duct တွေက အသုံးပြုတဲ့
a.Smoke Purging System
b.Mechanical Ventilation System
c.Air Conditioning System
c.Stair Case Pressurisation System ( Basement 2 storeys) မှာမလိုအပ်ပေမယ့် 3 Storeys ကနေစပြီး လိုအပ်လာပါပြီ။
Duct တွေဟာ Fire rated အုပ်တဲ့အခါတွေမှာ နေရာယူလာတာတွေရှိတဲ့အတွက် သေချာလေး Spaceချထားပေးဖို့လိုအပ်ပါတယ်။Service ကြီးတဲ့အတွက် သူ့အပေါ်ကနေ Fire Pipe/Plumbing Pipeတွေ ဖြတ်မပြေးတာအကောင်းဆုံးပါ။
3.Sanitary Pipe လို့ဆိုရာမှာ
3.1 RWDP ( Rain Water Downpipe)
3.2 WP ( Waste Pipe)
3.3 KWP ( Kitchen Waste Pipe)
3.4 MWP ( Medical Waste Pipe)
3.5 SWP ( Soil Waste Pipe)
3.6 ADP ( Aircon Drain Pipe)
3.7 Vent Pipe
ADP Pipeမှလွဲပြီး တခြားပိုက်တွေကိုတော့
( 1:80,1:85,1:90) Slopeတစ်မျိုးထဲကို အသုံးပြုရမှာဖြစ်ပါတယ်
4. ပိုက်တွေကတော့ Duct တွေ Cable Tray တွေမရှိတဲ့နေရာဆို Beam နဲ့ အကပ်ပဲ သွားစေပြီး မလိုအပ်ပဲ အချိုးကိုတတ်နိုင်သမျှနည်းအောင် ဂရုစိုက်ရမှာပဲဖစ်ပါတယ်။Horizontal အနေအထားမှာ ကွေးတာ ပြသနာအရမ်းမရှိပေမယ့် Vertical အနေထားအကွေးအကောက်များရင်တော့ လေခိုတာတွေဖြစ်နိုင်ပါတယ်။တတ်နိုင်သမျှဂရုစိုက်ဖို့လိုပါတယ်။
5.Fire Pipe လို့ဆိုတာနဲ့အများဆုံးတွေ့ရတာက
5.1 Hosereel Pipe
5.2 Wet Riser Pipe
5.3 Dry Riser Pipe
5.4 Sprinkler Pipe
( Hose, Wet Riser, Dry Riser) Pipeတွေကိုအတတ်နိုင်ဆုံးမကွေးမကောက်ဖို့လိုအပ်ပါတယ်။ Sprinkler ( Riser, Main Distribution, Branch Distribution) Pipe တွေကို မချိုးပဲ Coordinationလုပ်တာ Pump ရဲ့ Performance ကို ပိုပြီးကောင်းမွန်​ေစပါတယ်။
6.Cable တွေက Fire rated အမျိုးစားပဲဖြစ်နေပါစေ ရေမစိုတာအကောင်းဆုံးပါပဲဒါကြောင့်တစ်နေရာစီသို့မဟုတ် အပေါ်အောက်သွားသင့်ပါတယ်။ Power Cable နဲ့ ELV Data Cableတွေကို Tray တစ်ခုထဲက အတူသယ်သွားလို့မရပါဘူး။ Magnetic Field သက်ရောက်ပြီး ဖုန်းလိုင်းဆို အသံကြောင်ခြင်း၊Data ဆိုလိုင်းမကောင်းဖြင်း၊ MATV ဆို ရုပ်သံလိုင်းမှာ ဗြုတ်ထပြီး
ကြည့်မကောင်းတော့ပါဘူး။ Single Phase ဆို Conduit နဲ့ အဆင်ပြေပေမယ့် Three Phase ဆိုCable Tray ကိုအသုံးပြုရမှာဖြစ်ပါတယ်။
7.Conduit ,Conduit Fitting and junction Box တွေကို အများဆုံး Lighting , CCTV,PA,FI,Fire alarm,single phase power supply တွေမှာအသုံးပြုပါတယ်။Service သေးပေမယ့် Junction Boxကိုတခြား Service တွေနဲ့လွတ်မလွတ်သတိပြုဖို့လိုအပ်ပါတယ်။
8.Panel တွေကတော့ ELV Panelပဲ ဖြစ်ဖြစ် Power Panelပဲဖြစ်ဖြစ် 1800mm Height မှာတပ်ဆင်ကြပါတယ်။ Panelတွေရဲ့အပေါ်မှာ ရေပိုက်တွေမရှိရပါဘူး။CSR Room, MDF Room, Transformer Roomရဲ့အပေါ်မှာ ဘာရေပိုက်မှ မရှိရပါဘူး။
9.Pipe Sleeve တွေကို ပြင်ပမှာ Service တွေကို Basement ထဲကိုထည့်ချင်တဲ့အခါအသုံးပြုပါတယ်။ဥပမာ Floor Waste တို့ WC Point တို့အတွက် Pipe Sleeveထည့်သလို မှန်ကန်တဲ့နည်းလမ်းနဲ့ Installed လုပ်ခဲ့ရမှာဖြစ်ပါတယ်။ နည်းလမ်းမမှန်ကန်ရင်ရေယိုတာတွေ ရှိနိုငိတဲ့အတွက်အထူးသတိပြုဖို့လိုအပ်ပါတယ်။Electrical Power Supply , ရေပိုက်, Data တာတွေအတွက် Pipe Sleeve လိုအပ်ရင်ထည့်ခဲ့ရမှာဖြစ်ပါတယ်။
10.IC ရဲ့ Standard Size ကို BS Standard အရ ( 700mmL x 900mmW x 900mmH) ရှိရပါမယ် ။ 2m Depth ကျော်တာနဲ့ Ejector Pump ထည့်ဖို့လိုအပ်ပါတယ် ။သို့သော် 2m depth ကျော်ပြီး 1m Depth အောက်ဆင်းတိုင်း Lနှင့် Wကို 300mm စီထပ်ချဲ့ပေးပြီး Ladderထည့်ပေးဖို့လိုအပ်ပါတယ်။



ကွန်ပျူတာ Shutdown, Restart ချနည်းများ


ကွန်ပျူတာကို Restart ဘယ်လိုချရမလဲ မေးတဲ့ သူတွေအတွက်ကော၊ လုံးဝကို Restart ချနည်းမသိတဲ့သူတွေ အတွက်ကော Shutdown, Restart ချနည်းများကို ဖော်ပြပေးလိုက်ပါတယ်။
1. Desktop ကွန်ပျူတာဆိုရင် System ပုံးအရှေ့ဘက်မှာ Restart ခလုတ်လေးကိုနှိပ်။
2. Windows 8, 10 ကွန်ပျူတာတွေမှာ Alt+F4 ကိုတွဲနှိပ်၊ Shutdown, Restart ရွေးနှိပ်။
3. Windows Key+X ကိုတွဲနှိပ်၊ Shutdown or Sign Out မှာ Shutdown, Restart ရွေး။
4. Windows Key+L ကိုတွဲနှိပ်၊ Power ခလုပ်ကိုနှိပ်၊ Shutdown, Restart ရွေး။
5. Laptop တွေမှာ Start Menu\Power ခလုပ်ကိုနှိပ်၊ Shutdown, Restart ရွေး။
6. Ctrl+Alt+Del ကိုတွဲနှိပ်၊ Power ခလုပ်ကိုနှိပ်၊ Shutdown, Restart ရွေး။
7. Windows Key + I > All Settings\Update&Security\Recovery\Restart Now
8. Windows key+R\Run Box> shutdown /r (or) /s (Shutdown ဆိုရင်/s, Restart /r)
9. Cmd မှာဆိုရင် shutdown /r -t 60 (60) မှာ ကြိုက်သလောက်မိနစ်ထည့်။
10. Command Prompt (or) Run box မှာ SlideToShutdown.exe ကိုရိုက်ထည့်ပါ။
11. Shutdown ချမယ်ဆိုရင် Power Button ကို ခဏကြာကြာနှိပ်ပေးထားလိုက်ပါ။
12. Notepad မှာ အောက်ပါ Command ကို ကူးပြီး Shutdown or Restart.bat နဲ့ Desktop ပေါ်မှာ သိမ်းထားလိုက်ပါ။ Shutdown or Restart လုပ်ချရင် အဲ့ဒီ bat ဖိုင်ကို နှစ်ချက်နှိပ်လိုက်ပါ။ သို့မဟုတ် Desktop ပေါ် Right Click\New\Shortcut မှာ Desktop ကိုရွေး၊ Next နှိပ်ပြီး အောက်ပါ command တွေထဲက တစ်ခုရိုက်ထည့်ပါ။
shutdown အတွက် shutdown.exe /s /t 00
Restart အတွက် shutdown.exe /r /t 00
Hibernate အတွက် shutdown.exe /h
NetComplus
| System & Web Services
09258090003, info@netcompluz.com

အိပ်မက်ဆိုးက နိုးစေ (Stay At Home) - Wine Su Khine Thein & Ni Ni Khin


Window 10 မှာပါဝင်တဲ့ လူမသိသေးတဲ့ Features & Software များ

(၁) Window 10 မှာတော့ shortcuts အသစ်လေးတွေပါဝင်လာပါတယ်။ Shortcuts ဆိုတာကတော့ သင်ကွန်ပျူတာမှာ ရှိတဲ့ Program တွေကို ဖွင့်ရာမှာ အဆင့်တစ်ဆင့်ချင်းစီမလုပ်ပဲ Keyword တစ်ခုကိုနှိပ်ပြီးခိုင်းစေတာမျိုးဖြစ်ပါတယ်။
• Windows Key + A ကိုနှိပ်မယ်ဆိုရင် Action Center ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။ Action Center ဆိုတာကတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ Notification တွေကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
• Windows Key + I ကိုနှိပ်မယ်ဆိုရင် Window Setting ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။
• Window Key + Ctrl + D ကိုနှိပ်မယ်ဆိုရင် New Desktop တစ်ခုကို ထပ်ပြီးရရှိမှာဖြစ်ပါတယ်။
• Window Key + Ctrl + Arrow Key (Left/ Right/ Up/ Down) ကိုနှိပ်မယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ဖိုင်ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် အလွယ်တကူရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။
• Window Key + T ကိုနှိပ်မယ်ဆိုရင် Task bar မှာရှိတဲ့ ဖွင့်ထားသော File တွေကို Highlight အဖြစ်ပြသပေးမှာဖြစ်ပါတယ်။
• Window Key + G ကိုနှိပ်မယ်ဆိုရင် Game Bar ကိုအမြန်ဆုံးရောက်ရှိသွားမှာဖြစ်ပါတယ်။ Game Bar မှာဆိုရင် Screenshot ရိုက်တာတွေ၊ Screen Record လုပ်တာတွေ၊ Broadcast လုပ်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
(၂) Window 10 မှာတော့ Reset this PC ဆိုတဲ့ Feature အသစ်လေးပါဝင်လာပါတယ်။ ဒီ Feature အသစ်လေးကတော့ ဖုန်းတွေမှာပါဝင်တဲ့ Reset လုပ်တဲ့ Feature နဲ့ဆင်တူပါတယ်။ ကွန်ပျူတာထဲမှာရှိတဲ့ File တွေကို အလွယ်တကူဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ Update & Security ကိုနှိပ်ပါ။ ထိုမှတစ်ဆင့် Recovery ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Reset This PC လို့ပေါ်ပါလိမ့်မယ်။ အဲ့ဒီအောက်မှ Get Started ကိုနှိပ်ပြီး Reset ပြုလုပ်နိုင်ပါတယ်။
(၃) Storage Sense ဆိုတဲ့ Feature အသစ်လေးကတော့ ကွန်ပျူတာမှာ Storage တွေပြည့်နေတဲ့အခါမှာ မလိုအပ်တဲ့ File တွေကို အလွယ်တကူရှင်းပစ်နိုင်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ System ကိုနှိပ်ပါ။ ပြီးရင်တော့ Storage ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Storage Sense အောက်မှာ On လုပ်ပြီး Free up space now ကိုနှိပ်ပြီး ပြုလုပ်နိုင်ပါတယ်။
(၄) အခုတလော Night Mode တွေခေတ်စားလာတော့ Window 10 မှာလဲ Night Mode လိုမျိုး Night Light ဆိုတဲ့ Feature လေးပါဝင်ပါတယ်။ သူကတော့ Night Mode လို ကာလာအမည်းကြီးဖြစ်သွားမှာမဟုတ်ဘဲ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကွန်ပျူတာကို ညအချိန်တွေမှာအသုံးပြုတဲ့အခါ မျက်လုံးကိုမထိခိုက်နိုင်အောင်ကာကွယ်ပေးပါတယ်။ ကိုယ်မျက်လုံးနဲ့အဆင်ပြေမယ့်အလင်းရောင်ကိုစိတ်ကြိုက်ချိန်ညှိနိုင်သလို အချိန်ကိုလည်း စိတ်ကြိုက်ချိန်လို့ရပါတယ်။
(၅) Snipping Tool ဆိုတဲ့ Software လေးကို Window 10 မှာ Build-in ပါဝင်လာတာကိုတော်တော်များများသတိမထားမိကြပါဘူး။ အဲ့ Software လေးကတော့ Screenshot ရိုက်တဲ့ Software လေးပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က ကိုယ်လိုချင်တဲ့ နေရာကိုပဲရွေးပြီး Screenshot ရိုက်နိုင်မှာဖြစ်ပြီး အလွယ်တကူ Save နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key ကိုနှိပ်ပြီး Snipping Tool လို့ရိုက်ရှာပါ။ ပြီးရင် Software ထဲဝင်ပြီး အလွယ်တကူ Screenshot ရိုက်နိုင်မှာဖြစ်ပါတယ်။
(၆) နောက်ထပ်အသုံးဝင်မယ့် Software လေးကတော့ Steps Recorder ပဲဖြစ်ပါတယ်။ သူကတော့ Screen Record လုပ်တဲ့ Software ဖြစ်ပြီး အလွယ်တကူ ပြန် Save နိုင်မှာလည်းဖြစ်ပါတယ်။ ) ပြုလုပ်ပုံကတော့ Window Key ကိုနှိပ်ပြီး Steps Recorder လို့ရိုက်ရှာပါ။ ပြီးရင် Software ထဲဝင်ပြီး အလွယ်တကူ Screen Record လုပ်နိုင်မှာဖြစ်ပါတယ်။
(၇) Window 10 မှာတော့ Notification Center ကို Customize လုပ်လို့ရပါတယ်။ အဲ့ဒီ Feature ကတော့ တော်တော်အဆင်ပြေပါတယ်။ ကိုယ့်အတွက်အရေးကြီးတဲ့ Program တွေကို Notification Center ရဲ့အပေါ်မှာတင်ထားနိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးတွေကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ Notification & actions ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Notification လေးတွေကို အကွက်လေးတွေနဲ့ ဖော်ပြထားပြီး ကိုယ်ထားချင်တဲ့ Program ကိုဖိပြီးနေရာရွှေ့ပြောင်းနိုင်သလို အောက်မှာ Add or remove quick actions ကိုနှိပ်ပြီး စိတ်ကြိုက် program တွေကို ဖြုတ်နိုင်တတ်နိုင်ပါတယ်။
(၈) နောက်ဆုံးတစ်ခုက Window Defender ဆိုတဲ့ Build-in ပါတဲ့ Feature လေးပါ။ သူကတော့ Window 10 ရဲ့ Security ပိုင်းကိုအဓိကတာဝန်ယူရပြီး Virus တွေကို ကွန်ပျူတာထဲမဝင်အောင် အဓိကတာဝန်ယူလုပ်ဆောင်ပါတယ်။ သံသယဖြစ်ဖွယ် file တွေ၊ Link တွေကို ကွန်ပျုတာရဲ့ System ထဲကိုမရောက်အောင်တားဆီးပေးပြီး ဖြစ်နိုင်ရင် Window Defender ကိုအမြဲ Update လုပ်သင့်ပါတယ်။
သူငယ်ချင်းများ အားလုံးလွယ်ကူအဆင်ပြေကျပါစေ။
Credit (Tun Tun Aung)