Saturday, April 25, 2020

Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့်နည်း (၄)နည်း

Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့်နည်း (၄)နည်း
===============================================
သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို
ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
Recovery Partitiion ကို အသုံးပြုပါ။
နောက်ပိုင်းထုတ် ကွန်ပြူတာများ မှာ Operating System ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး ဝင်းဒိုး ကွန်ပြူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
ကွန်ပြူတာ မှာ Recovery Partition ပါမပါ သိနိုင်ဖို့ My Computer ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုႏွိပ္ပါ။ Computer Management Window ပေါ်လာရင် ဘယ်ဘယ် Side Bar မွာ ရွိတဲ့ Storage အောက်က Disk Management ကိုႏွိပ္ပါ။ အဲဒီမွာ Partition အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကေန 20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့ Partitioin ကိုတွေ့ရင် Recovery Partition ပါရှိတယ်လို့ ယူဆလို့ရပါတယ်။
Recovery Partition ကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပြူတာ ကို ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပြူတာ အမျိုးအစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါတယ်။
o Acer – Alt + F10
Asus – F9
Dell/Alienware – F8
HP – F11
Lenovo – F11
MSI – F3
Samsung – F4
Sony – F10
Toshiba – 0 ( ကီးဘုတ် အပေါ်ထိပ်က Zero Key ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ Numpad မွ Zero Key ကိုနှိပိရမှာ မဟုတ်ပါ။)
ကွန်ပြူတာ အမျိုးအစား အလိုက် သက်ဆိုင်ရာ ခလုတ်များ ကို နှိပ်ရင် Recovery Partition ကို အသုံးပြုလို့ရပါပြီ။ ပြီးရင် ညွှန်ကြားချက် အတိုင်းဆက်လက်ပြုလုပ်ပါ။ Program တစ်ခု ကို အင်စတော လုပ်ရင် တွေ့မြင်ရတဲ့ Wizard များလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး ပြုလုပ်ပုံခြင်း မတူညီပေမယ့် ခက်ခဲမှု မရှိဘဲ လွယ်ကူပါတယ်။
Recovery Installer က Factory Reset ချပြီးတာနဲ့ သင့်ကွန်ပြူတာ ဟာ စက်ရုံထုတ် အခြေအနေ ကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
Recovery Discs ကို အသုံးပြုပါ။
သင့်ကွန်ပြူတာ မှာ Recovery Partition မပါရှိရင် Recovery Disc ကို အသုံးပြုနိုင်ပါတယ်။ Operating System ကို ကြိုတင်ထည့်သွင်းထားတဲ့ ကွန်ပြူတာများ မှာ Recovery Disc ပါရှိတတ်ကြပါတယ်။ Recovery Disc များဟာ CD or DVD အချပ်များဖြစ်ပြီး သင့်ကွန်ပြူတာ ကို Factory Reset ချပေးနိုင်ပါတယ်။
Recovery Disc ကို အသုံးပြုရတာ Recovery Partition ကို အသုံးပြုပုံ နဲ့ တူညီပါတယ်။ ဒါပေမယ့် Recovery Partition ကို Boot တက်ရမှာ မဟုတ်ဘဲ BIOS Settings ထဲမွ Boot Order မွာ CD or DVD ကို ပြောင်းလဲပြီး Boot တက်ရမှာ ဖြစ်ပါတယ်။ BIOS Settings ထဲ ဝင်နည်းက ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံး မတူပါ။ Power ဖွင့်ပြီးရင် ပေါ်လာတဲ့ ကီး ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
သင့် ကွန်ပြူတာ မှာ Recovery Disc မပါရှိရင် လည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ဝင်းဒိုး မှာ Recovery Disc or Drive ပြုလုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ ကွန်ပြူတာ ပြဿနာများ မဖြစ်မီမှာ Recovery Disc or Drive များ ပြုလုပ်ထားသင့်ပါတယ်။
တစ်ချို့ ထုတ်လုပ်သူများ က Recovery Disc များပြုလုပ်ဖို့ အတွက် Program များ ထည့်သွင်းပေးထားတတ်ပါတယ်။ Recovery Disc ပြုလုပ်ထားခြင်း အားဖြင့် Recovery Partition များကိုဖျက်ပစ်နိုင်ပြီး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။
Windows 8 ရဲ႕ Refresh or Reset ကို အသုံးပြုပါ။
Windows 8 ကစပြီး ကွန်ပြူတာ ကို Refresh နဲ့ Reset လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များ ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များ က အပေါ်ကနည်းများထက် ပိုမိုလွယ်ကူ လျှင်မြန်စွာ ကွန်ပြူတာ ကို Factory Reset ပြုလုပ်ပေးနိုင်ပါတယ်။
Refresh လုပ်တယ်ဆိုတာက ကိုယ်ပိုင် ဒေတာများ နဲ့ Metro Apps များကို သိမ်းပေးထားမှာ ဖြစ်ပေမယ့် အခြား Apps အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။
Reset လုပ်ရင် ကိုယ်ပိုင်ဒေတာများ အပါအဝင် Metro App နဲ့ အခြား App အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို စက်ရုံထုတ် အခြေအနေ ရောက်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ကို အခြားသူ ကို ရောင်းတော့မယ်ဆိုရင် Reset လုပ်သင့်ပါတယ်။ Reset လုပ်ရင် ဝင်းဒိုး ကို ပြန်ပြီး အင်စတော လုပ်ပေးမှာ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ နဲ့ Programs အားလုံး ကို ဖျက်ပေးမှာပါ။
Refresh or Reset လုပ်ဖို့အတွက် Windows Key + C ကိုနှိပ်ပြီး Charm Bar ကိုဖွင့်ပါ။ Settings > Change PC Settings ကိုႏွိပ္ပါ။ General က႑ မွာ Refresh or Reset ပြုလုပ်နိုင်ပါတယ်။
သင့် Windows 8 ကွန်ပြူတာဟာ လုံးဝ Boot မတက်နိုင်တော့ရင် လည်း Refresh or Reset ကို အသုံးပြုနိုင်ပါတယ်။ဒီလိုအနေအထားမှာ Windows 8 Installation CD/DVD ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။
၀င်းဒိုး ကို Reinstall ပြုလုပ်ပါ။
သင့်ကွန်ပြူတာ မှာ Recovery Partition or Recovery Disc များမပါရှိဘူးဆိုရင် ဒါမှမဟုတ် Windows 8 ကို အသုံးပြုတာမဟုတ်ရင် နည်းလမ်းဟောင်း ကိုအသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချနိုင်ပါတယ်။ ဝင်းဒိုး ကို Clean Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဝင်းဒိုး အခွေ ကို စက်ထဲထည့် ပြီး CD or DVD ကေန Boot တက်ရမှာ ဖြစ်ပါတယ်။ Custom or Upgrade ရွေးရမယ့်နေရာမှာ Custom ကိုရွေးပြီး Clean Install လုပ်ရမှာပါ။
စမတ်ဖုန်းများ မှာသာမကဘဲ ကွန်ပြူတာ မှာပါ Factory Reset လုပ်နိုင်တယ်ဆိုတာ စာဖတ်သူ သိရှိပါပြီ။ သင့်ကွန်ပြူတာ မှာ ပြဿနာများ ကြုံတွေ့ရတဲ့အခါ ၊ Virus ကူးစက်တဲ့ အခါများ မှာ အပေါ်ကနည်းလမ်းများကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ပြုလုပ်နိုင်ပါတယ်။
အဆင်ပြေပါစေဗျာ......

Sharing Internet From Laptop to Desktop By Cable

Even you have WIFI, your desktop computer can't access internet because it is missing WIFI interner. In thins condition,if you have laptop , you can share your internet from laptop to  desktop by cable .Do you wanna try to do it ? Follow the steps as per attached images.






Sunday, November 10, 2019

Myanmar Unicode ရိုက်ဖို့အတွက် Keymagic Keyboard

မြန်မာစာယူနီကုဒ်ရိုက်ဖို့အတွက်ပါ သင်ပုန်ကြီးအတိုင်းလဲရိုက်လို့ရသလို ဇော်ဂျီလက်ကွက်အတိုင်းလည်း ယူနီကုဒ်စနစ်ကိုရိုက်လို့ရပါတယ် ။ Window မှာပါတဲ့ မြန်မာစာ Keyboard တွေထက် ပိုအဆင်ပြေပါတယ်။
English to Myanmar ပြောင်းဖို့ကိုလည်း Ctrl+Shift နှိပ်ရုံပါပဲ။ စမ်းသုံးကြည့်ချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းလိုက်ပါ ။

                                 Download Link






Sunday, October 27, 2019

Walk-Through-3D™ for Autodesk ® Revit®

ဒါကတော့ Revit မှာ Naviswork လို Walkthrough လုပ်ချင်ရင်သုံးတဲ့ Revit Add-in လေးပါ။ သုံးရတာ အရမ်းအဆင်ပြေပါတယ် Resolution လည်းအရမ်းကောင်းပါတယ် ။ တခြား Effect တွေလည်းပါပါသေးတယ်။ သုံးကြည့်ချင်ရင်တော့ အောက်က Link မှာ Download လုပ်နိုင်ပါတယ်။

                                   Download Link


Lumion Add-in For Revit

ဒါကတော့ Lumion မှာသုံးဖို့အတွက် Model ကို Revit 3D view ကနေ Export လုပ်ဖို့ Add-in ဖြစ်ပါတယ် ။
Autodesk application Store မှာ Free ပေးထားတဲ့ Add-in ဖြစ်ပါတယ်။ Autodesk account မရှိတဲ့သူတွေအတွက် အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။

                                     Download Link





Xtreme Download Manager

အရမ်းအသုံးပြုလို့အဆင်ပြေတဲ့ Free Download Manager လေးပါ ။ Software ကို install လုပ်ပြီးသွားရင် ကိုယ်သုံးတဲ့ Browser အလိုက် extension တွေ ထပ် install လုပ်ဖို့ link လေးတွေပေးထားပါတယ် အဲ့ link တွေကိုကလစ်ပြီး install လုပ်သွားရုံးပါပဲ။ သုံးကြည့်ချင်ရင် အောက်ကလင့်မှာ Download လုပ်လိုက်ပါ။

                                       Download Link



Saturday, October 26, 2019

CV ဘယ်လိုပြင်ဆင်မလဲ။ (ဆရာ ကိုရဲဇော်လင်း အကောင့်မှကူးယူဖော်ပြပါသည်။) https://www.facebook.com/ye.zawlin.73

CV Form ပြင်ဆင်ရာမှာ သတိထားသင့်တဲ့ အချက် (၉) ချက်

တစ်နှစ်တစ်နှစ်ကို CV ပေါင်း ရာနဲ့ချီပြီးတော့ ဖတ်ထားတဲ့ အတွေ့အကြုံကို အခြေခံပြီးတော့ ပြောပြထားတာပါ။
မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။

လူတိုင်းဟာ ကိုယ့်ကိုကိုယ် ဈေးကွက်တင်ပြီး ရောင်းချနေရတာပါ။ အဲလို ရောင်းတဲ့ နေရာမှာ CV Form ကတော့ လက်ကမ်း ကြော်ငြာ စာရွက်နဲ့ တူပါတယ်။

အဲဒီ ကြော်ငြာစာရွက်ကလေးက စိတ်ဝင်စားဖို့ ကောင်းနေမှသာ ဝယ်သူတွေက ဆက်သွယ်လာမှာပါ။

ကိုယ်က သူများတွေနဲ့ ဘာတွေ ကွာခြားနေသလဲ၊ ကိုယ့်ရဲ့ အားသာချက်က ဘာတွေလဲ ဆိုတာကိုလည်း CV ထဲမှာ ပြနိုင်ဖို့ လိုပါတယ်။

တစ်ပုံချင်းစီမှာ ဖတ်ကြည့်လိုက်ပါ။

ကျန်ခဲ့တဲ့ အချက် တစ်ခုခု ရှိရင်လည်း ကွန်မန့်မှာ ဖြည့်ပေးပါဗျာ။

အဆင်ပြေကြပါစေ : ) : ) : )










Processor

Heavy software တွေ သုံးမယ့်သူ Render/ Animation လုပ်ချင်သူတွေဆိုရင် i7 တွေ i8 တွေထက် Ram/ Processor နဲ့ Graphic ကအရေးကြီးတာပါ...

တော်တော်များများက Ram ဘယ်လောက်နဲ့ Graphic ဘယ်လောက်ဆိုနိုင်လဲပဲမေးကြတယ်...
Processor type ကိုမေးကြတာရှားတယ်...

U series ဆိုရင်တော့ Bad for gaming and animation ပဲရမယ် 😀 ကိုယ်ကတော့ H
တို့ E တို့ပဲကြိုက်တာ။

Friday, September 21, 2018

Pinyin Tones

你好吗
Nǐ hǎo ma
大家好
Dà jiā hǎo
请翁你叫什么名字
Qǐng wēng nǐ jiào shénme míng zì.

တရုတ်စာအသံထွက် tone stroke လေးတွေကို ရေးဖို့အတွက် keyboard လေးပါ ။ ဒီ Keyboard လေးထည့်ပြီးသွားရင် 1st tone အတွက် 1 ပါ 2nd tone အတွက် 2 3rd tone အတွက် 3 4th tone အတွက် 4 ကိုနှိပ်လိုက်ရုံးပါပဲ ။ Keyboard ပြောင်းဖို့အတွက် Window key + space ကိုတွဲလျှက်နှိပ်ရမှာဖြစ်ပါတယ် ။ 32bit computer တွေအတွက် pinyin 32 ကီု install လုပ်ပါ။ 6bit computer တွေအတွက် pinyin 64 ကီု install လုပ်ပါ။ အောက်မှာ Download link ပေးထားပါတယ်


Tuesday, May 29, 2018

Light Shoot Screen Capture Tool

Window မှာပါတဲ့ Snipping Tool ထက်ပိုမိုကောင်းမွန်ပြည့်စုံတဲ့ Screen Capture Tool လေးဖြစ်ပါတယ် ။ အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်။ Print Screen Key ကို နှိပ်ပြီးတော့ ကိုလိုချင်သလို Select မှတ်လိုက်ရုံးပါပဲ။ Window ရဲ့ Snipping Tool ထက်ပိုမိုကောင်းမွန်တဲ့အချက်တွေကတော့ ဖွင့်ရတာ လွယ်ကူပြီး ပုံကိုလိုအပ်သလို Edit လုပ်လို့ရတာပါပဲ။ လိုအပ်လို့ အသုံးပြုမယ်ဆို အောက်မှာ Download လုပ်နိုင်ပါတယ် ။ Window အတွက်ရယ် Mac အတွက်ရယ် ကြိုက်သာ Download လုပ်နိုင်ပါတယ်။

Download Link


Revit Schedules အကြောင်း


ကိုမျိုးလွင် Facebook Account မှ ကူးယူဖော်ပြပါသည်။












Revit ထဲမှာ Model Hatch Pattern အသစ်တွေ ဘယ်လိုဖန်တီးရလဲ ဆိုတဲ့အကြောင်းအရာလေးပါ

ကိုမျိုးလွင် Facebook Account မှ ကူးယူဖော်ပြပါသည်။

ဒီနေ့အချိန်ရတာနဲ့ ကျောင်းသားတစ်ယောက် မေးထားတာလေးကို ပြန်ဖြေဖို့ စာစီရင်း တခြားသိချင်သူတွေပါ ရှိမလားဆိုပြီး Knowledge sharing post တစ်ခုအနေနဲ့ ရေးလိုက်ပါတယ်။ သိပြီးသားဆရာတွေတော့ ဒီ post ကို ရှောင်သွားလိုက်ပါ.....


Revit ထဲမှာ Model Hatch Pattern အသစ်တွေ ဘယ်လိုဖန်တီးရလဲ ဆိုတဲ့အကြောင်းအရာလေးပါ။

AutoCAD ထဲက pat file ကို import လုပ်လိုက်ရင် ရပါတယ်ဆိုပေမယ့်လည်း သူက Drafting အနေနဲ့ပဲ ဝင်လာတာပါ။ Model Pattern မဟုတ်ပါဘူး။

Model Pattern အနေနဲ့လိုချင်တယ်ဆိုရင် pat file ထဲက data တွေရဲ့ အရှေ့မှာ ;%TYPE=MODEL ဆိုတာလေးထည့်ပေးရပါတယ်။

ဒါမှ Revit Software ကနေ ဒီ pat file ကို Model pattern အဖြစ်ဖတ်နိုင်မှာပါ။

နောက်ထပ် တဆက်ထဲ ပြောလိုတာကတော့ pat file ထဲမှာ မိမိလိုချင်တဲ့ pattern type မရှိနေရင်ရော???

ဒါဆိုရင်တော့ Auto CAD ကနေ pattern တခု create လုပ်ပေးရတော့မှာပါ။ Auto Lisp ကိုသုံးရတော့မှာပါ။ Autolisp ကိုဒီမှာ ဒေါင်းပါ။

https://drive.google.com/…/1f0Gd76W7ttTCau7HS2Fvii9XD…/view…

ပြုလုပ်ပုံ အဆင့်ဆင့်ကိုတော့ ပုံတွေနေဲ့တကွ ကြည့်ပေးပါ။ တစ်ပုံချင်းစီအောက်မှာ စာတွေရေးထားပါတယ်။

(ငါစာတွေရေးထားတယ် နင်ဖတ်မှ မဖတ်ကြည့်ဘဲ... ဖတ်နော် 😂)

" ထိုက်တန်တဲ့ရင်းနှီးမှုတော့ ရှိရမယ်

မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်

နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရ"

ရုံးမှာဆိုပေမယ့် မြန်မာစာအတွက် ယူနီကုတ်လေးနဲ့ဆိုတော့ အိုကေသား


၁) ပထမဦးဆုံး AutoCAD ကနေ New Drawing Create လုပ်ပါ။ HatchMaker ဆိုတဲ့ lisp ကို Load လုပ်ပါ။



Drawhatch ဆိုပြီးရိုက်ပါ။ Message Promp မှာ OK ပဲနှိပ်လိုက်ပါ။ Drawing area ထဲမှာ 1:1 square box လေးပေါ်လာပါလိမ့်မယ်။










၂) ပြီးရင်တော့ အဲ့ဒီ square box လေးထဲမှာ ကိုယ်လိုချင်တဲ့ ပုံစံကို create လုပ်ပေးပါ။ Line တွေက Continuous ဖြစ်ပေမယ့် segment တခုချင်းစီ ဆွဲပေးပါ။အခုပုံထဲမှာဆိုရင် အကွက်လေးတွေဖေါ်ထားတဲ့ horizontal line တွေဟာ တစ်ကြောင်းထဲမဟုတ်ပါဘူး။






၃) ပြီးရင်တော့ Savehatch ဆိုပြီးရိုက်လိုက်ပါ။ Hit [Enter] to continue.... Enter ပဲခေါက်ပါ။



Select Objects: Box ရော အထဲက Elements တွေအကုန်လုံးကိုရော Select မှတ်ပြီး Enter ခေါက်ပါ။


Briefly describe this hatch pattern: မှာ ဒီ Hatch အတွက် Description ထည့်ပါ။


ပြီးရင်တော့ Save ချင်တဲ့ နေရာမှာ Name တစ်ခုပေးပြီး save လိုက်ပါ။


PS... မှတ်ချက်။ ။

Box ထဲမှာဆွဲထားတဲ့ Line အားလုံးက exploded line ဖြစ်ရပါမယ်...

hatch တွေ polyline တွေ rectangles တွေ ဖြစ်နေလို့မရပါဘူး။





၄) အခုဏ Save လုပ်ထားတဲ့ pat file ကို notepad နဲ့ဖွင့်ပါ။

Pattern name, description နဲ့ Data တွေရဲ့ ကြားထဲမှာ ;%TYPE=MODEL ဆိုတာလေး တစ်ကြောင်းရိုက်ထည့်လိုက်ပါ။အဲလိုမရိုက်ထည့်ရင် Revit က Model type pattern မနေနဲ့ မသိပါဘူး။ Notepad ကို save ပြီးပိတ်ပါ။


၅) Revit ဖက်မှာ Manage tab > Additional Setting ထဲက Fill Patterns ကိုဝင်ပါ။

အဲဒီမှာ Model ကိုရွေး - New တောင်း၊ Custom ကိုရွေး - Import လုပ်။ Import scale ကိုတော့ သင့်လျော်သလိုရွေးပါ။ ကျတော်တို့ create လုပ်ခဲ့စဉ်က Metric (1:1) box လေးအတွင်းမှာ လုပ်ခဲ့ပေမယ့် Revit ကတော့ inches unit နဲ့ပဲ ဝင်လာတာပါ။ကျတော့် pattern က Brick 4 လုံးစာ length ဖြစ်တဲ့အတွက် ( Est Brick Length 225 x 4 = 900mm) 900mm ရအောင် 35.433 နဲ့မြှောက်လိုက်ပါတယ်။

(import scale 1 in = 25.4, 25.4 x 35.433 = 900)


၆) ပြီးသွားရင်တော့ အဲဒီ Model pattern လေးကို Revit Element တွေမှာ သုံးနိုင်ပါပြီ။











Monday, May 28, 2018

Navisword Training Video

၆) ပွီးသှားရငျတော့ အဲဒီ Model pattern လေးကို Revit Element တှမှော သုံးနိုငျပါပွီ။




Saturday, May 5, 2018

Section Height Editor

Revit မှာ Section ဖြတ်ရင် Section ရဲ့ Elevation ဟာ ကိုလိုချင်တာထက် မြင့်နေတာကို ကြုံဖူးကြမှာပါ ။  အဲ့ဒီအခက်အခဲကို Section Height Editor ဆိုတဲ့ Revit addon လေးနဲ့သုံးပြီးဖြေရှင်းကြည့်ပါလား သုံးရတာအဆင်ပြေပါတယ်။ စမ်းသုံးကြည့်ချင်ရင် အောက်က Link မှာ Downlaod လုပ်လိုက်ပါ။အသုံးပြုနည်းကြည့်ဖို့လည်း Video Link ပေးထားပါတယ်။

                             Download Link

 

 အသုံးပြုနည်း Video Part-1 

 အသုံးပြုနည်း Video Part-2 


 

 

 




Thursday, February 15, 2018

X-Force Keygen 2018 32x 64x

လိုအပ်မယ့်သူတွေအတွက် ရှာရလွယ်အောင်တင်ထားပါတယ်။ ဘယ်လိုသုံးရလဲဆိုတာ သိကြမှာပါနော် ။ အောက်မှာ Download လုပ်ဖို့ link ပေးထားပါတယ် ။

Download Link